Saturday, 28 March 2015

USB ကောက်တွေ့တိုင်း လွယ်တကူ ကွန်ပြူတာထဲ မထိုးသင့်တဲ့ အကြောင်းရင်း

ပုံမှာ မြင်တွေ့နေရတဲ့ USB Stick ကို USB Killer လို့ အမည်ပေးထားပါတယ်။ သူက ထိုးလိုက်တာနဲ့ ကွန်ပြူတာ တစ်ခြမ်းလုံးကို လောင်ကျွမ်းသွားအောင် လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ 

ယင်း ကဲ့သို့ Pen Drive မျိုးကို ရုရှားနိုင်ငံမှ သူလျှိုများက ဖန်တီးပြီး အသုံးပြုကြတယ်လို့ သတင်းများက ဆိုပါတယ်။ မြန်မာပြည်ရောက် မရောက် ကတော့ မသိနိုင်ပါဘူး။ သူဟာ ရန်သူရဲ့ စက်ကိုပဲ ဖြစ်ဖြစ် မိမိရဲ့ စက်ကိုပဲ ဖြစ်ဖြစ် ဖျက်ဆီးစေအောင် လုပ်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ သူက ထိုးလိုက်တာနဲ့ ကွန်ပြူတာရဲ့ အပူချိန် ထိန်းစနစ်ဆီကို ဗိုင်းရက်စ် ပို့ပြီး လုပ်ဆောင်ချက် ရပ်တန့်သွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ပြီးတဲ့အပြင် ဗို့အားတစ်ခုပါ ထည့်သွင်းပေးမှုကြောင့် ကွန်ပြူတာကို လောင်ကျွမ်းစေပါ လိမ့်မယ်။ ယနေ့ခေတ် ကွန်ပြူတာများ အနေနဲ့ အပူချိန်ထိန်းစနစ် ပျက်သွားရင်အောင် ကွန်ပြူတာ အလိုအလျောက် ပိတ်စနစ် ပါဝင်တာကြောင့် ယင်း Stick ဟာ ကွန်ပြူတာကို မပိတ်စေပဲ အတွင်းမှာ လုပ်ဆောင်ချက် ပုံမှန်အတိုင်း ရှိနေစေပြီး လောင်ကျွမ်းစေတာမျိုး ဖြစ်ပါတယ်။ 

နောက်တစ်မျိုး အနေနဲ့ စတစ်မှာ ပေါက်ကွဲမှုအား ပြင်းတဲ့ ချိန်ကိုက်ဗုံး ထည့်သွင်းတာမျိုး ဖြစ်ပြီး ထိုးလိုက်တာနဲ့ အချိန် ခဏအတွင်း ပေါက်ကွဲတာမျိုး ဖြစ်ပါတယ်။ Pen Drive ကို သူလျှိုများ တိုက်ခိုက်ရေးမှာ အသုံးပြုစေဖို့အတွက် တီထွင်လာခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့်မို့ စတစ်များ ကောက်ရရင် မဆင်မခြင် ထိုးမိတာမျိုးတို့ မလုပ်ရန် လိုအပ် ပါတယ်။ အနည်းဆုံးကတော့ ကောက်ရတဲ့ စတစ်မှာ ဗိုင်းရက်စ်ကတော့ ပါနိုင်ပါတယ်။

Friday, 20 March 2015


Windows Operating System အသုံးပြုသူတွေ အနေနဲ့မိမိ ကွန်ပျူတာမှာ Dual Boot တင်ထားပြီး Linux ကို ဖျက်ပစ်လိုက်တဲ့ အခါနဲ့ Boot Record မှာ Error ဖြစ်တဲ့အချိန်မျိုးမှာ Windows Boot ပြန်မတက်နိုင်တဲ့ အခြေအနေမျိုးကို ကြုံရမှာ  ဖြစ်ပါတယ်။ ဒီလို Boot File တွေ ပျက်စီးသွားတဲ့ အခါမျိုးနဲ့ Boot Record Error ဖြစ်တဲ့ အချိန်မျိုးတွေမှာ Windows ရဲ့ Boot File တွေကိုပြန်လည် ပြင်ဆင်နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက် ပါတယ်။
Boot Record ပြဿနာကို ကြုံတွေ့ရပြီဆိုရင် Command Prompt ကနေ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ Command Prompt ကို အသုံးပြုဖို့အတွက် Windows Opearting System ကို စတင် Install ပြုလုပ်တဲ့အခါမှာ မြင်ရတဲ့ Install Windows Now ဆိုတဲ့နေရာကို သွားရပါမယ်။ ဒီနေရာမှာ Install Now ဆိုတဲ့ Button ကို နှိပ်ရမှာ မဟုတ်ဘဲ၊ Repair your Computer ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်။ ဒါဆိုရင် System Recovery Option ဆိုတဲ့ Box လေးပေါ်လာမှာ ဖြစ်ပါတယ်။
System Recovery Option Box မှာ Windows 7 ဒါမှမဟုတ်  မိမိတင်ထားတဲ့ Windows 8 အစရှိတာတွေကို ရွေးချယ်ပေးပြီး၊ Next Button ကို နှိပ်ရပါမယ်။ နောက်တစ်ဆင့် ရောက်သွားရင် Boot Record File တွေကို Command
Prompt ကနေ ပြင်ဆင်မှာ ဖြစ်တဲ့အတွက် Command Prompt ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
စတင်ပြင်ဆင်မယ့် အပိုင်းမှာ Command Prompt ထဲရောက်ပြီဆိုရင် လမ်းကြောင်းက X:\Sources>ဆိုတဲ့ လမ်းကြောင်းအောက်ကို ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ Boot Record တွေကို ပြင်ဆင်မှာ ဖြစ်တဲ့အတွက် bootrec ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ bootrecနဲ့ ပထမဦးဆုံး Master boot record ကို ပြင်ဆင်မှာ ဖြစ်တဲ့အတွက် bootrec /fixmbr ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။
ပြီးသွားရင် Boot ကို ပြန်လည် ပြင်ဆင်မှာဖြစ်တဲ့အတွက် bootrec /fixboot ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။
ပြီးသွားရင် Boot Configuration Data ကို ပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် bootrec /rebuildbcd ဆိုတဲ့ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် အချိန်အနည်းငယ်ခန့် စောင့်ပေးလိုက်ပါ။ လုပ်ငန်းပြီးစီး သွားပြီဆိုရင် နောက်တစ်ဆင့် သွားရမှာ ဖြစ်ပါတယ်။ ဒါကတော့ Dual Boot တင်ထားတဲ့ လူတွေအတွက်သာ ဖြစ်ပါတယ်။ Dual Boot တင်ထားတဲ့ သူတွေအတွက် မိမိ Boot  အတွင်း OS တွေကို Scan ပြုလုပ်ပေးပြီး Boot Configuration Data တွေ ပြန်လုပ်နိုင်ဖို့အတွက် bootrec / scanos ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ Boot Record Error ကို ပြန်လည် ပြင်ဆင်တဲ့ လုပ်ငန်းစဉ် ပြီးစီးသွားပြီ ဖြစ်ပါတယ်။

Monday, 2 March 2015

တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung Galaxy S6

Samsung Galaxy S6 ကိုလည်း ဘာစီလိုနာက WMC 2015 ပွဲမှာ မိတ်ဆက်လိုက်ပါပြီ။ 

၁) ကြီးမားတဲ့ ထူးခြားပြောင်းလဲချက်တွေထဲမှာဆိုရင် အရှေ့နဲ့ အနောက်ကို ဖန်သားနဲ့ ပြုလုပ်ခြင်း ဖြစ်ပြီး အနောက်ဘက်က အကြမ်းခံ ဖန်သား ဖြစ်ပါတယ်။ ပြီးတော့ ဘေးဘောင်က အလူမီနီယံ ဖြစ်ပြီး စပီကာကို အောက်မှာ ထားထားပြီး ယခင်ဖုန်းထပ် ၁.၅ ဆ ပိုကျယ်သတဲ့။ 

၂) အရွယ်အားကတော့ ၅.၁ လက်မရှိပြီး QHD (2560x1440) 577ppi Super AMOLED မျက်နှာပြင် ဖြစ်တာကြောင့် ကမ္ဘာ့ မျက်နှာပြင် အရည်အသွေး အကောင်းဆုံး စမတ်ဖုန်းထဲ ပါဝင်လာပါအုံးမယ်။ 

၃) ကင်မရာကတော့ 13 MP ရှိပြီး ထုံးစံအတိုင်း Flash, IR Sensor နဲ့ နှလုံးခုန်မှု တိုင်းတဲ့ Heart Rate Sensor တို့ ပါဝင်လာပါ့မယ်။ ရှေ့ကင်မရာ ကလည်း 5 MP ဖြစ်ပြီး HDR ရိုက်လို့ရ ပါတယ်။ 

၎) အားသွင်းဖို့အတွက် Wireless charging ကြိုးမလို သွင်းလို့ရပြီး ကြိုးနဲ့ သွင်းမယ်ဆိုရင် နာရီဝက်အတွင်း အားပြည့်တဲ့ Fast charging ပေါက် ပါဝင်သတဲ့။

၅) Android OS 5.0.2 (Lollipop) ဗားရှင်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ 

၆) RAM 3GB LPDDR4 ပါဝင်ပါတယ်။

၇) Octacore Processor ကို အသုံးပြုပြီး 64 bit Samsung ရဲ့ ကိုယ်တိုင်ထုတ် Processor ဖြစ်ပါတယ်။

၈) အရောင်ကတော့ ဖြူ၊ နက်၊ ရွှေ၊ ပြာ တို့မှာ ရနိုင်ပါတယ်။ 

၉) ၁၃၈ ဂရမ်လေးပြီး 0.27 inches သာ အထူ ရှိတာကြောင့် အတော်ပါးပြီး ပေါ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ 

၁၀) အမေရိကန်ဒေါ်လာ ၁ထောင်အထပ် စမတ်ဖုန်း ဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၀ သိန်းအထပ်မှာ ရှိမှာ ဖြစ်ပါတယ်။ 

၁၁) 32 GB, 64 GB, 128 GB တို့ ထွက်ရှိပြီး microSD ကဒ် ထပ်စိုက်လို့ မရပါဘူး။ 

၁၂) လက်ဗွေစနစ်က ပွတ်ချစရာမလိုတော့ပဲ iPhone  လို တို့ထိရုံနဲ့ ရပါပြီ။ 

ရိုးရာလေး မှတ်ချက် 

Android စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး စမတ်ဖုန်းဖြစ်လာမယ့် စမတ်ဖုန်း ဖြစ်ပြီး premium ပစ္စည်းများ အသုံးပြုထားမှုကြောင့် သူ့ဈေးနဲ့သူကတော့ အနေတော်ပါပဲ။ ထိတွေ့ကိုင်တွယ်ရမှုကလည်း အရင် S5 တို့လို မဟုတ်ပဲ သိသိသာသာ ထူးခြားသွားသတဲ့။ ၁၀ သိန်းအထပ် တန်ဖိုးရှိဖုန်းထဲမှာဆိုရင် လောလောဆယ် Spec အမြင့်ဆုံး ဖြစ်တာကြောင့် ရွေးချယ်စရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ 
.
အောင်ခမ်း (ရိုးရာလေး)