မိုးခြိမ်းနေစဉ် လမ်းသွားရင်း လက်ကိုင်ဖုန်းအသုံးပြုသူများသည်
အခြားသူများထက် မိုးကြိုးအပစ်ခံရခြေ ပိုများဟုဆို....
▬▬▬▬▬▬▬▬▬
မိုးခြိမ်းနေစဉ် လမ်းသွားရင်း လက်ကိုင်ဖုန်းအသုံး ပြုသူများသည် အခြားသူများထက် မိုးကြိုး အပစ်ခံရခြေပိုများသည့်အ တွက် သတိပြုကြရန်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှဒုတိ ယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုး ဦးကသတိပေးပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင်မိုးကြိုကာလ ဖြစ်သည့် ဧပြီလနှင့်မေလသည် မိုး ကြိုးပစ်မှုအများဆုံးဖြစ်ပေါ်ပြီး နှစ် စဉ်လူဦးရေ တစ်ရာကျော်ခန့်သေ ဆုံးမှုများရှိနေပြီး ယခုအချိန်သည် မိုးကြိုးပစ်မှုအများဆုံးရာသီဖြစ်ပေါ် ခြင်းကြောင့် သတိထားသွားလာနေ ထိုင်သင့်ကြောင်း ယင်းကပြောသည်။
''မိုးကြိုးပစ်လို့လူသေတာတွေ က တစ်နှစ်ထက်တစ်နှစ်များလာ တယ်။ အဲဒီထဲကမှနောက်ပိုင်းတွေ့ လာရတာကတော့ ဟန်းဖုန်းတွေ၊ တယ် လီဖုန်းတွေအသုံးပြုနေတဲ့အခါ မိုး ကြိုးပစ်ခံရတာတွေတွေ့လာတယ်။ ဒါကတော့ မိုးကြိုးပစ်နေတဲ့အချိန်မှာ ဖုန်းပြောနေတဲ့အခါ ဖုန်းတွေမှာက magnetic waves တွေပါတော့ မိုး ကြိုးမှာရှိတဲ့ လျှပ်စစ် အမနဲ့သွားတွေ့ ပြီးတော့ အဲဒီလိုလူတွေကိုပစ်တာ တွေဖြစ်တယ်။ ဒါကနောက်ပိုင်းတွေ့ လာရတယ်။ ဒါကြောင့် မိုးကြိုးပစ် တဲ့အချိန်မှာ ဖုန်းပြောတာကိုလဲသတိ ထားဖို့လိုတယ်''ဟုဦးကျော်မိုးဦးက ပြောသည်။
မိုးကြိုးပစ်ခြင်းကို အဓိကဖြစ် ပေါ်စေသော ရာသီမှာ မိုးကြိုနှင့် မိုးလွန်ကာလဖြစ်ပြီး၊ မိုးကြိုကာလ ဖြစ်သည့် ဧပြီနှင့် မေလတွင် အများ ဆုံးဖြစ်ပေါ်ကြောင်း၊ မိုးတွင်းကာ လတွင်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ် လေ့ရှိသော်လည်း နည်းပါးကြောင်း၊ မိုးတိမ်တောင်အန္တရာယ်ကြောင့် လည်း မိုးကြိုးပစ်ခြင်းအဓိကဖြစ်ပေါ် ကြောင်း သိရသည်။
''မိုးကြိုးပစ်တာကနှစ်စဉ်တိုးလာ တယ်။ လူအသေအပျောက်လဲရာကျော် လာတယ်။ ဒါတောင် သတင်းစာတွေ မှာပါတာလောက်ကို မှတ်ထားတာ။တခြား ဘယ်လောက်တောင်ရှိနေ မလဲမသိ။ ဒါကြောင့် နှစ်စဉ်တိုးလာ တဲ့ မိုးကြိုးပစ်တာကလဲ သတိထားရ မယ့်အရာတစ်ခုဖြစ်တယ်''ဟုမိုးလေ ဝသနှင့် ဇလဗေဒပညာရှင်ဒေါက်တာ ထွန်းလွင်ကလည်း သတိထားပြော ကြားထားသည်။
ယင်းအပြင် မိုးခြိမ်းနေစဉ် လက် ကိုင်ဖုန်းအပြင် magnetic waves များ ပါသည့်ပစ္စည်းများ ဖြစ်သော အိတ် ဆောင်ရေဒီယိုစသည်များဖွင့်နေခြင်း၊ ကြည့်မှန်များအသုံးပြုနေခြင်းကလည်း မိုးကြိုးပစ်ခံရမှုပိုမိုဖြစ်စေနိုင်ကြောင်း သိရသည်။
ယခုကဲ့သို့ မိုးကြိုးပစ်ရာသီတွင် အများပြည်သူများအနေဖြင့် သစ်ပင် ကြီးများအောက်နှင့် ကွင်းပြင်များ တွင်ရှိနေခြင်းများကိုသတိထားသင့် ကြောင်း သိရသည်။
''မိုးကြိုးကမြင့်တာပစ်တာဆို တော့ သစ်ပင်ကြီးအောက်တွေကို ရှောင်ရမယ်။ ကွင်းပြင်တွေမှာ ထီးထီး တည်းရပ်နေတာတွေရှောင်သင့်တယ်။ အဲဒီလိုကွင်းပြင်မှာရှိနေရင် လျှို မြောင်တွေကြားဝင်ပုန်းတာတို့။ မြေနဲ့ တစ်သားတည်းကျအောင်ဝပ်နေတာ တို့လုပ်သင့်တယ်။ အိမ်တွေမှာလဲ မိုးကြိုလွဲတွေတပ်ဆင်သင့်တယ်''ဟု ဦးကျော်မိုးဦးက ဆက်လက်ပြောကြား သည်။
LED Screen တွေကို ကြာရှည်စွာ ကြည့်ရှုခြင်းဟာ အမြင်အာရုံ ပျက်စီးသည်အထိ မျက်စိကို ထိခိုက်စေနိုင်
iPhone ၊ iPad တို့လို LED Screen ပါဝင်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို ကြာရှည်စွာ ကြည့်ရှုခြင်းဟာ အမြင်အာရုံ ပျက်စီးသည်အထိ မျက်စိကို ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
စပိန် နိုင်ငံမှ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ Dr.Celia Sanchez Ramos ရှာဖွေတွေ့ရှိတာကတော့ အီလက်ထရောနစ် ကိရိယာ တော်တော်များများမှာ ပါဝင်တဲ့ LED Screen တွေဟာ မျက်လုံးရဲ့ အပါးလွှာဆုံး အပိုင်းဖြစ်တဲ့ မျက်ကြည်လွှာကိုထိခိုက်ပျက်စီးစေနိုင်ပြီး အမြင်အာရုံကွယ်ပျောက်သည်အထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ထို LED မျက်နှာပြင်အများစုက ထုတ်လွှတ်လိုက်တဲ့ အပြာရောင် အလင်းတစ်မျိုးဟာ အအိပ်အစား အခက်တွေ့စေခြင်းလို ပြသနာတွေက တစ်ဆင့် ခေါင်းကိုက်ခြင်းတွေကို ဖြစ်ပေါ်စေတတ်သလို ပြင်းထန်လာတဲ့ အခါ ကင်ဆာရောဂါ ပါ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
လက်ရှိ လူငယ်မျိုးဆက်ဟာ ဒစ်ဂျစ်တယ် အလုပ်သမားတွေဖြစ်လာကြတဲ့အတွက် တစ်နေ့ကို အနည်းဆုံး ၈ နာရီ ၀န်းကျင်လောက် LED မျက်နှာပြင်များစွာရှေ့မှာ အလုပ်လုပ်နေကြရပါတယ်။ ထို မျက်စိ ထိခိုက်မှုတွေဟာ မျက်ကြည်လွှာထဲမှာရှိတဲ့ Photoreceptors ဆိုတဲ့ အာရုံကြောမှာ အပြာရောင် အလင်းတန်းတွေဟာ အချက်အလက်တွေအဖြစ်ပြောင်းလဲလိုက်ပြီး မျက်စိ နာခြင်း ကိုက်ခြင်းနဲ့ သက်တောင့်သက်သာ မရှိခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။
ထို အပြာရောင် အလင်းတန်းပမာဏ များလာတဲ့အခါမှာ မျက်ကြည်လွှာရဲ့ အလယ်ဗဟိုမှာရှိတဲ့ macula ဆိုတဲ့နေရာကို စုစည်းသွားပြီး အမြင်အာရုံ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ် မျိုးဆက်အတွက် LED မျက်နှာပြင်တွေကထွက်တဲ့ အပြာရောင်အလင်းတန်းကို ကာကွယ်နိုင်ဖို့အတွက် မျက်နှာပြင်ကာကွယ်ရေး(Screen Protector)တွေသုံးစွဲရာမှာ Reticare လုပ်ဆောင်ချက် ပါဝင်တဲ့ Screen Protector ကိုသုံးစွဲခြင်းသာလျှင် သင့်တော်တယ် လို့ သုတေသီတွေက ဆိုကြပါတယ်။
(၁) မိနစ်အတွင်း အားအပြည့် သွင်းနိုင်မယ့် မိုဘိုင်းလ် ဖုန်းဘက်ထရီ သုတေသီတွေ မိတ်ဆက်
Standford တက္ကသိုလ် သုတေသီတွေက (၁) မိနစ်အတွင်း ဓာတ်အား အပြည့်သွင်းနိုင်တဲ့ ဘက်ထရီတစ်မျိုး မိတ်ဆက်ခဲ့ပါတယ်။ ယင်းအလူမီနီယမ်ဘက်ထရီဟာ စမတ်ဖုန်းတွေမှာသုံးတဲ့ လက်ရှိ lithium-ion battery နေရာမှာ အစားထိုးသုံးနိုင်တဲ့ အမျိုးအစား တစ်ခုဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေတာ သို့မဟုတ် အလွယ်တကူ မီးလောင်ပေါက်ကွဲမှု မရှိကြောင်း သုတေသီများ အခိုင်အမာ ဆိုထားပါတယ်။
သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးဖြစ်စေတဲ့ Alkaline battery နဲ့ ရံဖန်ရံခါ မီးလောင်ပေါက်ကွဲတတ်တဲ့ lithium-ion battery စတဲ့ သိုမှီးကိရိယာ (storage devices) တွေမှာ အစားထိုး သုံးနိုင်မယ့် အားပြန်သွင်းနိုင်သော aluminium battery အမျိုးအစားတစ်ခု တီထွင်ခဲ့တာဖြစ်ကြောင်း Standford မှ ဓာတုဗေဒပညာရပ် ပါမောက္ခ Hongjie Dai က ပြောဆိုခဲ့ပါတယ်။
ဒီဘက်ထရီ အမျိုးအစားသစ်က ထုခွဲရင်တောင် မီးမလောင်ဘူးလို့ အာမခံထားပါတယ်။
ဒီဘက်ထရီရဲ့ ထူးခြားချက် နှစ်ခုက ကွေးလို့ ရနိုင်တာရယ်နဲ့ အကုန်ကျစရိတ် သက်သာတာဖြစ်ပါတယ်။
Ref: CCTV-Africa
Trend Myanmar
Laptooop သုံးစွဲသူများ သတိပြုရန် အချက်များ
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ် ခြင်း သည် ပြဿနာ မရှိနိုင်သော်...လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံး ခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မပြီး ရွှေ့ခြင်းကို ရှောင်ပါ။
၂။ ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန် ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက် ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။
၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။ သံလိုက်စက် ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင် ပါ သည်။ ထို့ကြောင့် ရေခဲ သေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။
၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာ သော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည် တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။
၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက်ထား သည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ် ယောက် လက်ဖြင့် ဖိမိသည့် အနေအ ထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်း တစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များ ကို လည်း သတိထားပါ။
၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံး ပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။
၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့် လည်း ကောင်း မသုတ် ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ် စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင် သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကို သော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲ သည်အထိ တင်ခြင်း ကို မခံနိုင်ပါ။
၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာ တွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်း ထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။
၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ် ကျသည့်တိုင် အ တွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ် ထားပါသည်။ သို့သော် လွတ် မကျ လျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။
PDF ဖိုင်းဒေါင်းရန်