Wednesday, 27 January 2016

I Display App



I Display App
 Pc Screen ကို ဖုန္းကေန ျမင္ႏိုင္ ထိန္းႏိုင္မယ့္ application ေတထဲက တခုပါ


 ဖုန္းမွာ APK ကို install ထားပါ။ Pc မွာေတာ့ exe ကို Install ၿပီးေတာ့ Open လိုက္ပါ။ restart က်သြားၿပီးရင္  ခ်က္ခ်င္းမရပါဘူး ။ Display ကို Checking လုပ္ေနပါလိမ့္မယ္   ၿပီးသြာရင္  Notification area ထဲကို ၀င္သြားပါလိမ့္မယ္။ Nt area ထဲမွာ  ေတြ႕ပါမယ္။
         ၿပီးရင္  Phone ကေန Hospot လႊင့္ၿပီး PC ကေန ခ်ိတ္ထားပါ။ apk ကိုဖြင့္လိုက္ပါ။
   usb ခ်ိတ္ခိုင္းတဲ႕ ပံုေလးေတြ႕ပါမယ္။ အေပၚမွာ +  ပံုေလးႏွိပ္လိုက္ပါ။ ဒါဆို
 Device ရဲ႕ ip နဲ႕ port ကို ေတာင္းပါမယ္။
 Ip ၾကည့္ဖို႕က pc က nt area ထဲမွာ Idisplay  ရဲ႕ icon ေလးေပၚမွာ High light ေလးတင္ထားလိုက္ပါ။ ip နဲ႕ port ေလးေပၚလာမယ္။ အဲ့ဒါကို ၾကည့္ၿပီး ဖုန္းမွာ ထည့္ၿပီး connect လုပ္လိုက္ပါ။
 Desktop ပံုတက္လာပါမယ္။ ဘာမွေတာ့ မေပၚေနပါဘူး။  menu ႏွိပ္ၿပီးရႏိုင္မယ့္ option ကို ၾကည့္ႏိုင္ပါတယ္။
အဆင္ေျပၾကပါေစဗ်ာ
ကြမ္တန္းမင္းရာဇာ

Tuesday, 19 January 2016

S Pen ျပႆနာ ေျဖရွင္းရန္အတြက္ Note 5 ၏ hardware ကို ေျပာင္းလဲခဲ့ေၾကာင္း Samsung ေျပာၾကား



S Pen ျပႆနာ ေျဖရွင္းရန္အတြက္ Note 5 ၏ hardware ကို ေျပာင္းလဲခဲ့ေၾကာင္း Samsung ေျပာၾကား
==============

ၿပီးခဲ့သည့္ႏွစ္က Samsung သည္ ၎၏ Galaxy Note 5 တြင္ S Pen ကို ဘက္မွားထည့္သြင္းမႈေၾကာင့္ feature မ်ား အသံုးျပဳ၍ မရသည့္ ျပႆနာအခ်ိဳ႕ႏွင့္ ေတြ႕ႀကံဳခဲ့ရသည္။ သို႔ေသာ္လည္း ယခုအခါတြင္ အဆိုပါ ျပႆနာကို ေရွာင္လြဲႏိုင္ရန္အတြက္ Note 5 ၏ အတြင္းပိုင္းစက္ကိရိယာကို ေျပာင္းလဲျပင္ဆင္ခဲ့ေၾကာင္း ကုမၸဏီမွ ေျပာၾကားခဲ့သည္။

အဆိုပါ ေျပာင္းလဲျပင္ဆင္မႈကို အမည္မေဖာ္ျပေသာ Phandroid စာဖတ္ပရိသတ္တစ္ဦးက ပထမဦးဆံုး ေတြ႕ရိွခဲ့ျခင္းျဖစ္ၿပီး ၎က မျပင္ဆင္မီႏွင့္ ျပင္ဆင္ၿပီးေနာက္ ႐ိုက္ကူးထားေသာ Note 5 ဆားကစ္ျပား ဓာတ္ပံုမ်ားကို Phandroid ဆိုက္ထံ ေပးပို႔ခဲ့သည္။ အဆိုပါ ဓာတ္ပံုမ်ားအရ Note 5 တြင္ ပါဝင္လာေသာ S Pen ကို အရိွန္ျဖင့္ထုတ္ေပးသည့္ ကိရိယာသစ္သည္ ၎ကို ေျပာင္းျပန္တပ္ဆင္မိသည့္အခါတြင္ အႏၲရာယ္ကင္းစြာ ျပန္ထုတ္ေပးႏိုင္ေၾကာင္း သိရသည္။

ထို႔ေနာက္ Samsung က Note 5 ၏ ဒီဇိုင္းအားနည္းခ်က္ကို ျပင္ဆင္ခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။ “Samsung အေနနဲ႔ Note 5 မွာပါဝင္တဲ့ S Pen ကို ဘက္မွားတပ္ဆင္မိတဲ့အခါမွာ ျပႆနာမျဖစ္ေစဖို႔အတြက္ S Pen စက္ကိရိယာကို ျပင္ဆင္ခဲ့တဲ့အေပၚမွာ အတည္ျပဳေျပာၾကားလိုပါတယ္။ S Pen ကို သိမ္းဆည္းတဲ့အခါမွာ သင့္ေလ်ာ္တဲ့ လမ္းညႊန္ခ်က္ေတြအတိုင္းျပဳလုပ္ဖို႔ ကၽြန္ေတာ္တို႔ အႀကံျပဳလိုပါတယ္” ဟု ကုမၸဏီမွ ေျပာၾကားခဲ့သည္။

Ref: TheVerge

http://internetjournal.media/news/5260

xxxxxxxxxxxxxxxxxxxx

S Pen ပြဿနာ ဖြေရှင်းရန်အတွက် Note 5 ၏ hardware ကို ပြောင်းလဲခဲ့ကြောင်း Samsung ပြောကြား
==============

ပြီးခဲ့သည့်နှစ်က Samsung သည် ၎င်း၏ Galaxy Note 5 တွင် S Pen ကို ဘက်မှားထည့်သွင်းမှုကြောင့် feature များ အသုံးပြု၍ မရသည့် ပြဿနာအချို့နှင့် တွေ့ကြုံခဲ့ရသည်။ သို့သော်လည်း ယခုအခါတွင် အဆိုပါ ပြဿနာကို ရှောင်လွဲနိုင်ရန်အတွက် Note 5 ၏ အတွင်းပိုင်းစက်ကိရိယာကို ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

အဆိုပါ ပြောင်းလဲပြင်ဆင်မှုကို အမည်မဖော်ပြသော Phandroid စာဖတ်ပရိသတ်တစ်ဦးက ပထမဦးဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းက မပြင်ဆင်မီနှင့် ပြင်ဆင်ပြီးနောက် ရိုက်ကူးထားသော Note 5 ဆားကစ်ပြား ဓာတ်ပုံများကို Phandroid ဆိုက်ထံ ပေးပို့ခဲ့သည်။ အဆိုပါ ဓာတ်ပုံများအရ Note 5 တွင် ပါဝင်လာသော S Pen ကို အရှိန်ဖြင့်ထုတ်ပေးသည့် ကိရိယာသစ်သည် ၎င်းကို ပြောင်းပြန်တပ်ဆင်မိသည့်အခါတွင် အန္တရာယ်ကင်းစွာ ပြန်ထုတ်ပေးနိုင်ကြောင်း သိရသည်။

ထို့နောက် Samsung က Note 5 ၏ ဒီဇိုင်းအားနည်းချက်ကို ပြင်ဆင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ “Samsung အနေနဲ့ Note 5 မှာပါဝင်တဲ့ S Pen ကို ဘက်မှားတပ်ဆင်မိတဲ့အခါမှာ ပြဿနာမဖြစ်စေဖို့အတွက် S Pen စက်ကိရိယာကို ပြင်ဆင်ခဲ့တဲ့အပေါ်မှာ အတည်ပြုပြောကြားလိုပါတယ်။ S Pen ကို သိမ်းဆည်းတဲ့အခါမှာ သင့်လျော်တဲ့ လမ်းညွှန်ချက်တွေအတိုင်းပြုလုပ်ဖို့ ကျွန်တော်တို့ အကြံပြုလိုပါတယ်” ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: TheVerge

http://internetjournal.media/news/5260