Wednesday, 3 February 2016

Facebook ကို uninstall လုပ္ပါက ဘက္ထရီစား သိသိသာသာ သက္သာ


Facebook ကို uninstall လုပ္ပါက ဘက္ထရီစား သိသိသာသာ သက္သာ

Facebook App ကို Android မုိဘိုင္းဖုန္းေတြကေန uninstall (ပယ္ဖ်က္) လိုက္တဲ့အခါမွာဆုိရင္ ဖုန္းရဲ႕  ဘက္ထရီစားႏွုန္းဟာ သိသိသာသာ တက္လာျပီး ၂၀ ရာခိုင္ႏွုန္းေလာက္ ဘက္ထရီအား ပိုေကာင္းလာေၾကာင္း ဆုိပါတယ္။ ဒါ့အျပင္ ဖုန္းရဲ႕ CPU လုပ္ေဆာင္ခ်က္ဟာလည္း ပိုမုိ ျမန္ဆန္လာတာကို ေတြ႔ရွိရ ပါတယ္။

ယင္း စမ္းသပ္မွုကို အေမရိကန္က နည္းပညာရွင္မ်ားဟာ Huawei Nexus 6P နဲ႔ စမ္းသပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ယင္း စမ္းသပ္မွုရဲ႕ အေျဖကေတာ့ Facebook App ဟာ Android ဖုန္းေတြမွာ ဘက္ထရီကို သိသိသာသာ စားျခင္း၊ အျခားေသာ ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္မ်ားကို ေႏွးေကြးေစျခင္းတို႔ကို ျဖစ္ေပၚေစ ပါတယ္။ ယင္းကဲ့သုိ႔ အလားတူ ျဖစ္ရပ္ကို လြန္ခဲ့ေသာ တစ္ႏွစ္ကလည္း iOS ေပၚမွာ ၾကံဳေတြ႔ျပီး အိုင္ဖုန္းမ်ားရဲ႕ ဘက္ထရီကို Facebook App က အဓိက စားသံုးေနေၾကာင္း ေတြ႔ရွိခဲ့ျခင္း ျဖစ္ပါတယ္။ ယင္းကဲ့သုိ႔ ေတြ႔ရွိျပီးေနာက္ Facebook က ျပင္ဆင္ေပးခဲ့ပါတယ္။

ယခုေတာ့ Android ဖုန္းေတြမွာ ယင္း ျပႆနာ ျပန္လည္ ၾကံဳေတြ႔ရျပီး Facebook ကေနျပီးေတာ့ ဘက္ထရီစား သက္သာတဲ့ Update ကို မၾကာမီ ပုိ႔ေဆာင္ေပးမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။
.

(Unicode version)

Facebook ကို uninstall လုပ်ပါက ဘက်ထရီစား သိသိသာသာ သက်သာ

Facebook App ကို Android မိုဘိုင်းဖုန်းတွေကနေ uninstall (ပယ်ဖျက်) လိုက်တဲ့အခါမှာဆိုရင် ဖုန်းရဲ့  ဘက်ထရီစားနှုန်းဟာ သိသိသာသာ တက်လာပြီး ၂၀ ရာခိုင်နှုန်းလောက် ဘက်ထရီအား ပိုကောင်းလာကြောင်း ဆိုပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ CPU လုပ်ဆောင်ချက်ဟာလည်း ပိုမို မြန်ဆန်လာတာကို တွေ့ရှိရ ပါတယ်။

ယင်း စမ်းသပ်မှုကို အမေရိကန်က နည်းပညာရှင်များဟာ Huawei Nexus 6P နဲ့ စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ယင်း စမ်းသပ်မှုရဲ့ အဖြေကတော့ Facebook App ဟာ Android ဖုန်းတွေမှာ ဘက်ထရီကို သိသိသာသာ စားခြင်း၊ အခြားသော ဖုန်းရဲ့ လုပ်ဆောင်ချက်များကို နှေးကွေးစေခြင်းတို့ကို ဖြစ်ပၚေစေ ပါတယ်။ ယင်းကဲ့သို့ အလားတူ ဖြစ်ရပ်ကို လွန်ခဲ့သော တစ်နှစ်ကလည်း iOS ပေါ်မှာ ကြုံတွေ့ပြီး အိုင်ဖုန်းများရဲ့ ဘက်ထရီကို Facebook App က အဓိက စားသုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းကဲ့သို့ တွေ့ရှိပြီးနောက် Facebook က ပြင်ဆင်ပေးခဲ့ပါတယ်။

ယခုတော့ Android ဖုန်းတွေမှာ ယင်း ပြဿနာ ပြန်လည် ကြုံတွေ့ရပြီး Facebook ကနေပြီးတော့ ဘက်ထရီစား သက်သာတဲ့ Update ကို မကြာမီ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)မွ
ကြမ္တန္း မင္းရာဇာ