Friday, 13 November 2015


အိုင်ဖုန်းနဲ့တူတယ် ဒါပေမယ့် မျက်နှာပြင်နှစ်ခုပါတဲ့ Android ဖုန်း Siam 7X
Siam 7X လို့အမည်ရတဲ့ အမေရိကန်မှ Startup ကုမ္ဗဏီတစ်ခုထုတ်တဲ့ စမတ်ဖုန်းဟာ အိုင်ဖုန်းနဲ့ ပုံစံအနည်းငယ်တူပါတယ်။ ဒါပေမယ့် သူက အရှေ့ရော အနောက်မှာပါ မျက်နှာပြင်ပါတာကြောင့် မတူဘူးဆိုတာကို သိသိသာသာ ထင်ရှားစေပြန် ပါတယ်။
ရှေ့မှာ ငါးလက်မ LCD ဖန်သားပြင် ပါသလို အနောက်ကျောမှာလည်း အဖြူအမဲ ကာလာ အီးဘုတ် Tablet တွေမှာပါတဲ့ E-Link Screen ကို တပ်ဆင်ပေးထား ပါတယ်။ 4.7 လက်မ အရွယ်ပါ။ ဒါကြောင့်မို့ Yota ပြီးရင် ဖုန်းအနောက်ကျောမှာ screen တစ်ခု အပိုပါတဲ့ စမတ်ဖုန်းဖြစ်လာ ပါတယ်။ အမေရိကန်ရဲ့ ပထမဆုံး မျက်နှာပြင် နှစ်ခု စမတ်ဖုန်းအဖြစ်လည်း စံချိန်တင်ပါတယ်။ 1280 x 720 LCD ကို အသုံးပြုထား ပါတယ်။ screen နှစ်ခုစလုံးကို Gorilla Glass နဲ့ ကာထားပေးတာကြောင့် အကြမ်းခံ ပါတယ်။ ထူးခြားချက် အနေနဲ့ကတော့ Earprint recognition ပါဝင်ခြင်းပါ။ နားကို ရှေ့ကင်မရာနဲ့ မှတ်သားထားနိုင်တာကြောင့် ဖုန်းကိုင်သူပဲ ကိုင်လို့ရမယ့် Feature မျိုး ပါဝင်လာပါတယ်။ ဒါကိုလည်း user စိတ်ကြိုက် ပြင်ဆင် နိုင်ပါတယ်။
1.3GHz 64-bit MediaTek octa-core processor ကို အသုံးပြုပြီး 2,100mAh ဘက်ထရီလည်း ပါဝင်ပါသေးတယ်။ SIM card နှစ်ကဒ်တောင် ထည့်လို့ရပြီး 4G Network မှာ သုံးနိုင်တဲ့ အဆင့်မြင့် စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ကင်မရာကMP နဲ့ 8 MP ပါဝင်ပါတယ်။ Android 5.0 ကို အသုံးပြုထားပါတယ်။ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၇၀ ဝန်းကျင်နဲ့ ယခုလ ကုန်မှာ စတင်ရရှိမှာ ဖြစ်ပါတယ်။
.
Ref: pocketlint






Android Phone များတွင် Pattern Lock ဖတ်နည်း
******************************************************
 Android Phone များရဲ့ Pattern Lock ဘယ်လိုထည့်ထားလဲဆိုတာ ဖတ်တဲ့နည်းကိုပြပေးမှာဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ Pattern Lock ကိုဖျက်တာမဟုတ်ဘဲ ဘယ်လိုဆွဲထားတာလဲဆိုတာ ဖတ်တဲ့နည်းကို ပြောတာပါ။ လက်တွေ့စမလုပ်သေးခင် ကျွန်တော်တို့ အခုလုပ်မယ့် လုပ်ငန်းစဉ်လေးကို အကြမ်းဖျင်း ရှင်းပြပါ့မယ်။ Android ဖုန်းတစ်လုံးမှာ အသုံးပြုသူက Pattern Lock ခတ်လိုက်ပြီဆိုတာနဲ့ ဖုန်းရဲ့ data ထဲက system အောက်မှာ gesture.key ဆိုပြီး key file တစ်ခုတည်ဆောက်ပြီး သိမ်းပါတယ်။ အသုံးပြုသူက Pattern Lock ဖွင့်ပြီဆိုတာနဲ့ gesture.key ထဲက Code နဲ့တိုက်စစ်ပါတယ်။ မှန်ရင်ပွင့်ပါတယ် ။ တကယ်လို့ ကျွန်တော်တို့က ၄င်း gesture.key ကိုဖျက်လိုက်တယ်ဆိုရင် တိုက်စစ်စရာမရှိတော့တဲ့အတွက် ဘယ်လိုဆွဲဆွဲ ပွင့်ပါတယ်။ ဒါက Pattern Lock ကိုဖျက်တာပါ။ ကျွန်တော်တို့က Pattern Lock ကိုဖျက်မှာမဟုတ်ဘဲ Pattern ဘယ်လိုခတ်ထားလဲဆိုတာကို သိအောင်လုပ်မှာဖြစ်တဲ့အတွက် gesture.key ကိုဖျက်ပစ်လို့မရပါဘူး။ gesture.key ဖိုင်ကိုဖတ်ရမှာပါ။ ဒီတော့ ပထမဆုံး gesture.key ကို ဖုန်းထဲကနေ Computer ထဲသို့ Copy ကူးယူရပါမယ်။ ပြီးမှ gesture.key ကိုဖတ်ရပါမယ်။ gesture.key ထဲမှာက Hexadecimal Code တွေဖြစ်လို့ Hexadecimal Code တွေကို Edit လုပ်လို့ရတဲ့ Editor တစ်ခုလိုပါတယ်။ ၄င်း Editor နဲ့ Hexadecimal Code တွေကိုဖတ်ပြီး ရလာတဲ့ Hexadecimal Code တွေကို ဘယ်လိုထည့်ထားလဲဆိုတာသိဖို့ Library နဲ့ တိုက်စစ်ရပါတယ်။ဒီတော့မှ Pattern lock ဘယ်လိုဆွဲထားတယ်ဆိုတာကိုသိမှာဖြစ်ပါတယ်။ဒါဆိုရင်စလုပ်ကြရအောင် -
ဒီသင်ခန်းစာကိုလိုက်လုပ်ဖို့ လိုအပ်တဲ့ Software တွေနဲ့ Download လင့်တွေကိုအောက်မှာပေးထားပါတယ်။ မရှိသေးပါက Download ဆွဲပါ။ HxD Editor နဲ့ SqliteBrowser ကို install လုပ်ပါ။
1. ADB Folder
2. HxD Editor
http://d-h.st/3Q8
3. GestureRainbowTable.db
https://raw.githubusercontent.com/…/…/GestureRainbowTable.db
4. SqliteBrowser
http://sqlitebrowser.org/
ပထမဆုံး ဖုန်းထဲက gesture.key file ကိုဆွဲထုတ်ပါမယ်။ ဖုန်းကို Computer နှင့်ချိတ်ပါ။ ဖုန်းမှာ Root Access ရှိရပါမယ်။ USB Debugging ကို On ထားရပါမယ်။ ADB Folder ထဲမှာ CMD Box ခေါ်ပါ။ CMD Box ထဲတွင် -
adb devices
လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Device ချိတ်ဆက်မှူ အောင်မြင်ပါက serail no တစ်ခုနဲ့ device လို့ ပေါ်လာပါလိမ့်မယ်။ပြီးနောက် အောက်က Command တွေဆက်ရိုက်သွားပါ။
adb shell
Android device ထဲကို ပြောင်းလိုက်တာပါ။ shell command ပေးလို့ရရန်ဖြစ်ပါတယ်။
su
Root ပြုလုပ်ထားတယ်ဆိုရင် Root User အဖြစ်ပြောင်းသွားမှာပါ။
dd if=/data/system/gesture.key of=/data/local/tmp/gesture.key
gesture.key file ကို data/local/tmp ထဲကို ကူးလိုက်တာပါ။
chmod 777 /data/local/tmp/gesture.key
data/local/tmp ထဲက gesture.key ကို permission change လိုက်တာဖြစ်ပါတယ်။
exit
Root User ကနေထွက်လိုက်တာပါ။
exit
Android Device ထဲကပြန်ထွက်လိုက်တာပါ။
adb pull /data/local/tmp/gesture.key
data/local/tmp ထဲက gesture.key ကို ADB Folder ထဲဆွဲထုတ်လိုက်တာပါ။
ဒါတွေအားလုံးပြီးသွားပြီဆိုရင်တော့ သင့်ဖုန်းထဲက gesture.key file က ADB Folder ထဲရောက်နေပြီဖြစ်ပါတယ်။
gesture.key ကိုရပြီဆိုရင်တော့ HxD Editor ကိုဖွင့်ပါ။ File > Open ကိုနှိပ်၊ gesture.key ကိုရှာပြီးဖွင့်ပေးပါ။
အထက်မှာပြထားတဲ့ပုံအတိုင်းပေါ်လာရင်တော့ Hexadecimal Code တွေကို Copy ကူးပြီး Notepad ထဲမှာသိမ်းပေးပါ။ space မခြားထားပါနဲ့။
ပြီးရင်တော့ SqliteBrowser ကိုဖွင့်ပါ။ Open Database ကိုနှိပ်ပြီး GestureRainbowTable.db ကိုရွေးပြီးဖွင့်ပေးပါ။ပြီးနောက် BrowseData Tab ကိုတချက်နှိပ်ပါ။ filter ထဲတွင် ခုန gesture.key ထဲက Hexadecimal code ကိုထည့်ပေးပါ။ ဒါဆိုရင်တော့ pattern အောက်က box ထဲမှာ ဆွဲရမယ့် pattern ကိုနံပါတ်နဲ့ပြပေးမှာဖြစ်ပါတယ်။ နံပါတ်ကိုကြည့်ပြီး Pattern ဘယ်လိုဆွဲရလဲဆိုတာအပေါ်ကပုံမှာပြထားပေးပါတယ်။
အားလုံးအဆင်ပြေပါစေ။

Samsung Galaxy S7

Samsung Galaxy S7 ကို လာမယ့် ဖေဖော်ဝါရီလလောက်မှာ မိတ်ဆက်ပြီး မတ်လ အကုန်လောက်မှာ စရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ S7 ကို Project Lucky လို့အမည်ပေးထား ပါတယ်။

ဒီတစ်ခေါက်ထူးခြားချက် အနေနဲ့ ဗားရှင်း နှစ်မျိုးထွက်မှာ ဖြစ်ပါတယ်။ ရိုးရိုး S7 နဲ့ ဘေးအနား ကွေးထားတဲ့ S7 ဆိုပြီးတော့ ဆိုပါတယ်။ အခြား သတင်း တစ်ခုကလည်း ဖန်သားပြင် အရွယ်စား ၅.၂ အရွယ်နဲ့ ၅.၈ အရွယ်ဆိုပြီးတော့ နှစ်မျိုးထွက်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ယင်း သတင်းနှစ်ခုတည်းဘယ် ဘယ်တစ်ခုဟာ အမှန်ဖြစ်တယ်ဆိုတာကို အတည်ပြုလို့မရသေး ပါဘူး။ Processor အနေနဲ့ကတော့ Exynos 8890 processor နဲ့က တစ်ခု Snapdragon 820 SoC နဲ့က တစ်ခုဆိုပြီးတော့ ခွဲထား ပါတယ်။ ကင်မရာအနေနဲ့ လက်ရှိ S6 မှာ ပါတဲ့ 16 Megapixel ကင်မရာပဲ ပါမယ်လို့ သတင်းတစ်ခုကထွက်ထားသလို တစ်ဖက်မှာကလည်း ကင်မရာ နှစ်လုံးကို တွဲထားပေးတဲ့ Dual Camera ပါမယ်လို့လည်း သတင်းထွက်ပါတယ်။

Dual Camera ကို Samsung မှ စမ်းသပ်နေတာကတော့ မှန်ကန်တဲ့ သတင်းတစ်ခုဖြစ်ပြီး ယင်းဟာ 20 Megapixel အရည်အသွေး ရှိပါတယ်။ တစ်ခုက RAM 3GB ပါဝင်ပြီး နောက်တစ်ခုက LTE ဗားရှင်းဖြစ်တာကြောင့် RAM 4GB ပါမှာ ဖြစ်ကြောင်း ဆိုပါတယ်။ Storage ကတော့ 32GB နဲ့ 64GB ဆိုပြီးတော့ ခွဲထားပါတယ်။ MicroSD ကဒ်ထည့်လို့ရ ပါတယ်။ Android M ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၉၀၀ ဝန်းကျင်ကနေ စတင်နိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

Windows အတက်နှေးရခြင်းအကြောင်း

ကျွန်တော်လေ့လာစုဆောင်မိသမျှ ရေးသားတင်ပြလိုက်ပါတယ်။
ကွန်ပျူတာအတက်နှေးတာဟာ အကြောင်း များစွာရှိပါတယ်။

1. ဗိုင်းရပ်စ်ကြောင်းလဲဖြစ်နိုင်ပါတယ်။
ဗိုင်းရစ်ရှိမရှိ ဗိုင်းရစ်ဆော့ဖ်ဝေလ် ကောင်း ကောင်းလေးတစ်ခုနဲ့ စစ် ဆေးပါ။
သင့်ကွန်ပျူတာကို တပါတ် တစ်ကြိမ်းလောက် ကွန်ပျူတာကို အမြဲစစ်ဆေးပေးထား
သင့်ပါတယ်။

2. စနစ်ဖိုင်းအချို့ပျက်တာလဲနဲ့ မလိုအပ်တဲ့ ဆော့ဖ်ဝလ်တွေ ချိတ်ချက်နေခြင်း
လဲဖြစ်နိုင်ပါတယ်။
Start/Run (Box) မှာ cmd လို့ရိုက်ထည့်ပါ။ ပေါ်လာရင် Sfc/ scannow လို့ရိုက်ပါ။
Enter Key ကို နှိပ်ပြီး၊ Scan လုပ်ပါ။ ပြင်ပေးပါလိ့မယ်။ အဲဒီအချိန်မှာ Windows
OS CD ချပ်ကို CD/DVD drive ထဲမှာ ကြို တင်ထည့်ထားရပါမယ်။

3. ၀င်းဒိုးစနစ်မှာ Error တစ်ခုခု ရှိနေရင်လဲ ဖြစ်တတ်ပါတယ်။
၎င်းအတွက် Windows error checker ဆော့လ်ဝလ် ကို သုံးပြီး အမှား error ကိုပြင်
ဆင်ပေးပါ။ ဒါမှမဟုတ်  www.registryfix. com မှ ဒေါင်းယူပြီး ကွန်ပျူတာအမှားအ
ယွင်ကို စစ်ဆေးပေးလိုက်ပါ။

4. သီးခြားဆော့ဖ်ဝဲများကို သုံးကြည့်ပါ။ Speed UP PC 2.0, Cacheman XP,
Wopti Utilities AusLogics Boost Speed ကဲ့သို့ ဆော့ဖ်ဝဲများကို စမ်းသပ်သုံး
ကြည့်နိုင်ပါတယ်။

4. သင့်ကွန်ပျူတာစနစ်၏ ဓါတ်ပြားအမာ (Hard disk) တွင်နေရာလွတ်များစွာ ရှိပြီး၊
ဖိုင်းများ၏ တည် ရှိမှုသည် ပျံ့ကျဲနေလျှင် နှေးကွေးတတ်ပါသည်။ Defrag ပရိုဂရမ်ကို
အသုံးပြုပြီး ဖိုင်စီပေးပါ။

5. ကွန်ပျူတာဖွင့်ရင် မြန်ဖို့ရာ အခမဲ့ရတိုင်းဆော့ဖ်ဝေလ်များကို တင်မထားပါနဲ့။ Disk Cleanup မကြာခဏ လုပ်ပေးလိုက်ပါ။

6. ကွန်ပျူတာဟာ့ဒ်ဝလဲပိုင်းမှာ မြှင့်သင့်တာမြှင်ပေးပါ။ (ဥပမာ RAM တိုးခြင်း၊
ဟာ့ဒ်ဒစ်နေရာမှာ နေရာ အလုံး အလောက်ထားပေးခြင်းတို့ဖြစ်ပါတယ်။

7. ၀င်းဒိုးစနစ်၏ ဒက်စ်တော့ပေါ်မှာ Systemtray အတွင်းမှ (icons) ပရိုဂရမ်များကို
လည်းမလို အပ်လျှင်ဖြုတ်ထားပါ။

8. Registry မှာ ၀င်ပြင်ကြည့်လိုက်ပါ။

Start > Run > regedit လို့ရိုက်ထည့်ပြီး၊ ok နှိပ်ပါ။
Registry (Box) မှာ HKEY_LOCAL_MACHINE\System\Current Controlset\Control\Session Manager\ Memory Management\PrefetchParameter ကို အဆင့်ဆင့်ဝင်ပါ။
PrefectchParameter ကို ကလစ်လုပ်ပြီး ညာဘက်မြင်ကွင်း Enable Prefetch ကို ကလစ် 2 ချက် နှိပ်ပါ။ ပေါ်လာတဲ့ Edit DWORD Value တွင် Value date: ကို 1 လို့ပြောင်းပေးလိုက်ပါ။ ok နှိပ်ပြီး ပြန်ထွက်ပါ။

9. Start \ Run (Box) မှာ Msconfig လို့ရိုက်ထည့်လိုက်ပါ။ Startup (tab) မှာ မလို
အပ်တဲ့ Item များကို အမှတ်ခြစ်ရွေးချယ်ထားခြင်းမှ ဖြုတ်ပြီး ဖယ်ထားလိုက်ပါ။

10. နာက်ထပ် လမ်းညွှန်ချက်တစ်ခုရှိပါသေးတယ်။

ဆရာသန်းထိုက်ရေးသားထားတဲ့ ရိုးသားစွာထိုးထွင့်လေ့လာခြင်း စာအုပ်
စာမျက်နှာနံပါတ် (၁၈)  မှာ Windows 7 ကိုအရှိန်မြှင်ရန် Hack လုပ်ခြင်း ဆိုပြီး ၉
ချက်ရေးသားထားပါတယ်။ ကျွန်တော်လေ့လာကြည့်သလောက် မဆိုးဘူးဆိုနိုင်
ပါတယ်။ လေ့လာကြည့်လိုက်ကြပါ။

အိုင်တီလေ့လာနေသူတိုင်း သိထားသင့်သောအရာများ
""""""""""""""""""""""""""""""""""""""""""""""""""""""""

၁။ GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။

၂။ CDMA ဆိုတာကတော့ Code Divison Multiple Access ဖြစ်ပါတယ်။

၃။ MP3 ဆိုတာကတော့ MPEG player ၃ ဖြစ်ပါတယ်။

၎။ MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။

၅။ PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။

၆။ CD ဆိုတာကတော့ Compact Disk ဖြစ်ပါတယ်။

၇။ DVD ဆိုတာကတော့ Digital Versatile Disk ဖြစ်ပါတယ်။

၈။ HTML ဆိုတာကတော့ Hyper Text Markup Language ဖြစ်ပါတယ်။

၉။ WML ဆိုတာကတော့ Wireless Markup Language ပဲ ဖြစ်ပါတယ်။

၁၀။ TCS ဆိုတာကတော့ Tata Consultancy Services ပဲ ဖြစ်ပါတယ်။

၁၁။ IP ဆိုတာကတော့ Internet Protocol ပဲ ဖြစ်ပါတယ်။

၁၂။ ISP ဆိုတာကတော့ Internet Service Provider ဖြစ်ပါတယ်။

၁၃။ TCP ဆိုတာကတော့ Transmission Control Protocol ဖြစ်ပါတယ်။

၁၄။ UPS ဆိုတာကတော့ Uninterruptible Power Supply ဖြစ်ပါတယ်။

၁၅။ WLAN ဆိုတာကတော့ Wireless Local Area Network ဖြစ်ပါတယ်။

၁၆။ HP ဆိုတာကတော့ Hewlett Packard ပဲ ဖြစ်ပါတယ်။

၁၇။ WAP ဆိုတာကတော့ Wireless Application Protocol ဖြစ်ပါတယ်။

၁၈။ VHF ဆိုတာကတော့ Very High Frequency ပဲ ဖြစ်ပါတယ်။

၁၉။ HSDPA ဆိုတာကတော့ High Speed Downlink Packet Access ဖြစ်ပါတယ်။

၂၀။ IBM ဆိုတာကတော့ International Business Machines ဖြစ်ပါတယ်။

၂၁။ APPLE ဆိုတာကတော့ Asian Passenger Payload Experiment ဖြစ်ပါတယ်။

၂၂။ SONY ဆိုတာကတော့ Sound Of New York ဖြစ်ပါတယ်။

၂၃။ DELL ဆိုတာကတော့ michael DELL ဖြစ်ပါတယ်။

၂၄။ HCL ဆိုတာကတော့ Hindustan Computer Limited ဖြစ်ပါတယ်။

၂၅။ GE ဆိုတာကတော့ General Electronics ပဲ ဖြစ်ပါတယ်။

၂၆။ INTEL ဆိုတာကတော့ Integrated Electronics ပဲ ဖြစ်ပါတယ်။

၂၇။ AMD ဆိုတာကတော့ Advance micro devices ပဲ ဖြစ်ပါတယ်။

၂၈။ GOOGLE ဆိုတာကတော့ Global Organisation Of Oriented Group Language of Earth ပဲ ဖြစ်ပါတယ်။

၂၉။ Google ကို တည်ထောင်ခဲ့ကြသူတွေကတော့ Larry Page နှင့် Sergey Brin တို့ ဖြစ်ပါတယ်။

၃၀။ Facebook ကို တည်ထောင်ခဲ့တဲ့ သူကတော့ Mark Zuckerberg ဖြစ်ပါတယ်။

၃၁။ Yahoo တည်ထောင်ခဲ့ကြသူတွေကတော့ David Filo နှင့် Jerry Yang တို့ ဖြစ်ပါတယ်။

၃၂။ Twitter တည်ထောင်ခဲ့ကြသူတွေကတော့ Jack Dorsey နှင့် Dick Costolo တို့ ဖြစ်ပါတယ်။

၃၃။ Internet ကို တည်ထောင်ခဲ့တဲ့သူကတော့ Tim Berners Lee ဖြစ်ပါတယ်။

၃၄။ Linkedin ကို တည်ထောင်ခဲ့ကြသူတွေကတော့ Reid Hoffman ၊ Allen Blue နှင့် Koonstantin Guericke တို့ ဖြစ်ပါတယ်။

၃၅။ Email ကို တည်ထောင်ခဲ့တဲ့သူကတော့ Shiva Ayyadurai ဖြစ်ပါတယ်။

၃၆။ Gtalk ကို တည်ထောင်ခဲ့တဲ့သူကတော့ Richard Wah kan ဖြစ်ပါတယ်။

၃၇။ Skype ကို တည်ထောင်ခဲ့ကြသူတွေကတော့ Niklas Zennstrom ၊ JanusFriis နှင့် Reid Hoffman တို့ ဖြစ်ပါတယ်။

၃၈။ Mozilla Firefox ကို တည်ထောင်ခဲ့ကြသူတွေကတော့ Dave Hyatt နှင့် Blake Ross တို့ ဖြစ်ပါတယ်။

၃၉။ Wikipedia ကို တည်ထောင်ခဲ့တဲ့သူကတော့ Jimmy Wales ဖြစ်ပါတယ်။

၄၀။ Youtube တည်ထောင်ခဲ့ကြသူတွေကတော့ Steve Chen ၊ Chad Hurley နှင့် Jawed Karim တို့ ဖြစ်ပါတယ်။

ဖော်ပြပါ ရှင်းလင်းချက်များ အပြင် အခြားသော အရာများလည်း ကျန်ရှိပါသေးတယ်။ အဓိက အသုံးဝင်သော အရာများကိုသာ ရှင်းလင်းထားခြင်းသာ ဖြစ်ပါတယ်။

Credit: Original Aurthor