Samsung Galaxy S7 ကို လာမယ့် ဖေဖော်ဝါရီလလောက်မှာ မိတ်ဆက်ပြီး မတ်လ အကုန်လောက်မှာ စရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ S7 ကို Project Lucky လို့အမည်ပေးထား ပါတယ်။
ဒီတစ်ခေါက်ထူးခြားချက် အနေနဲ့ ဗားရှင်း နှစ်မျိုးထွက်မှာ ဖြစ်ပါတယ်။ ရိုးရိုး S7 နဲ့ ဘေးအနား ကွေးထားတဲ့ S7 ဆိုပြီးတော့ ဆိုပါတယ်။ အခြား သတင်း တစ်ခုကလည်း ဖန်သားပြင် အရွယ်စား ၅.၂ အရွယ်နဲ့ ၅.၈ အရွယ်ဆိုပြီးတော့ နှစ်မျိုးထွက်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ယင်း သတင်းနှစ်ခုတည်းဘယ် ဘယ်တစ်ခုဟာ အမှန်ဖြစ်တယ်ဆိုတာကို အတည်ပြုလို့မရသေး ပါဘူး။ Processor အနေနဲ့ကတော့ Exynos 8890 processor နဲ့က တစ်ခု Snapdragon 820 SoC နဲ့က တစ်ခုဆိုပြီးတော့ ခွဲထား ပါတယ်။ ကင်မရာအနေနဲ့ လက်ရှိ S6 မှာ ပါတဲ့ 16 Megapixel ကင်မရာပဲ ပါမယ်လို့ သတင်းတစ်ခုကထွက်ထားသလို တစ်ဖက်မှာကလည်း ကင်မရာ နှစ်လုံးကို တွဲထားပေးတဲ့ Dual Camera ပါမယ်လို့လည်း သတင်းထွက်ပါတယ်။
Dual Camera ကို Samsung မှ စမ်းသပ်နေတာကတော့ မှန်ကန်တဲ့ သတင်းတစ်ခုဖြစ်ပြီး ယင်းဟာ 20 Megapixel အရည်အသွေး ရှိပါတယ်။ တစ်ခုက RAM 3GB ပါဝင်ပြီး နောက်တစ်ခုက LTE ဗားရှင်းဖြစ်တာကြောင့် RAM 4GB ပါမှာ ဖြစ်ကြောင်း ဆိုပါတယ်။ Storage ကတော့ 32GB နဲ့ 64GB ဆိုပြီးတော့ ခွဲထားပါတယ်။ MicroSD ကဒ်ထည့်လို့ရ ပါတယ်။ Android M ကို အသုံးပြုမှာ ဖြစ်ပါတယ်။
ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၉၀၀ ဝန်းကျင်ကနေ စတင်နိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

No comments:
Post a Comment