Friday, 11 December 2015

ယနေ့ မထင်မှတ်ပဲ နှိပ်မိရာကနေ Facebook ရဲ့ Shortcut


ယနေ့ မထင်မှတ်ပဲ နှိပ်မိရာကနေ Facebook ရဲ့ Shortcut တချို့ကိုရှာဖွေတွေ့ရှိလိုက်ပါတယ်။
Facebookကိုဖွင့်ထားတဲ့အချိန်မှာ ကွန်ပျူတာ Keyboardရဲ့ Alt ကိုဖိထားပြီး 1,2,3,4ကနေ9,0အထိ(Number Key)
တစ်ခုချင်း နှိပ်ကြည့်ရင် ဘာတွေဖြစ်လာသလဲဆိုတာဖြစ်ပါတယ်။
...
ကိုင်း..စမ်းကြည့်လိုက်ရအောင်-
Alt+1 ကိုနှိပ်ရင် သူငယ်ချင်းတွေရဲ့NewsFeed တွေတက်တဲ့ Home ကိုရောက်စေပါတယ်။
Alt+2 ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဝေါလ် Timeline ကိုသွားပါတယ်။
Alt+3 ကိုသာနှိပ်လိုက်မယ်ဆိုရင် ကိုယ့်ကို Requestလုပ်ထားတဲ့ Friend Request Listကို ဖွင့်ပေးမှာပါ။
Alt+4 ဟာ ကိုယ် ချက်(Chat)ထားတဲ့ Chat History(Messages)တွေကိုပြပေးပါလိမ့်မယ်။
Alt+5 ကတော့ ကိုယ့်ဆီမှာတက်ခဲ့ တက်နေဆဲဖြစ်တဲ့ Notification ချည်းပဲစုထားတဲ့ နေရာကိုသွားမှာပါ။
Alt+6 ကိုနှိပ်ရင် အကောင့်(account)ရဲ့ Setting Pageကို ရောက်မှာပါ။
Alt+7 ကတော့ ကိုယ့်ရဲ့Facebookအသုံးပြုမှုတွေ(activities)ကို ကိုယ့်သူငယ်ချင်းတွေ မြင်နေရတဲ့အတိုင်း ပြန်ပြပေးမှာပါ။
ဥပမာ My Name likes Someone's photo .စတဲ့လှုပ်ရှားမှု(activities)တွေပါ။
Alt+8 ကတော့ Facebook ရဲ့ တရားဝင်စာမျက်နှာ (Official Page)ပါ။
Alt+9 ကိုနှိပ်ရင် facebook ရဲ့ policyတွေ လိုက်နာသင့်တဲ့ စည်းကမ်းတွေပြပေးပါတယ်။
Alt+0 ကတော့ ကိုယ့် facebook accountနဲ့ပတ်သက်ပြီး အခက်ခဲရှိရင် မေးဖို့ Help Pageပါ။
..
မိတ်ဆွေအပေါင်း အမြဲတစေအသုံးပြုတဲ့facebookရဲ့ shortcutလေးတချို့ကို သိပြီဆိုတော့
လိုအပ်တဲ့အခါအသုံးပြုကြည့်ပါ။
သိသူဖော်စား၊ မသိသူအားပြန်ရှဲ(Share)ပေးပါ။
credit လင်းရောင်ခြည

Wednesday, 9 December 2015

Laptop Speed ကိုမြန်အောင် ပြန်လုပ်မယ်

Laptop Speed ကိုမြန်အောင် ပြန်လုပ်မယ်

သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းက ထက်စာရင် အလုပ်လုပ်တဲ့နေရာ
မှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ် ဆိုပါစို့။ သင်ဘာ
လုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့
ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။
အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်
တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့
အချက် ၇ ချက်ကို စမ်းသပ် လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်
လာတာ တွေ့ရပါလိမ့်မယ်။
အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ အမေရိကန်အခြေစိုက် Laptop
မဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေ
ရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံး
ကို အသုံးပြုခဲ့ပါတယ်။

၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့
ကွန်ပြူတာတွေကို ပိုမို မြန် ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက
တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုး
XP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista
အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့
အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပြီး ပရိုဂရမ်များကိုလည်း
တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို
RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်
ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀
မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာ
တကျစီပါ
သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့
အတိအကျပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူ
တာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။
သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်
လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်
တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါ လိမ့်မယ်။
အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်
ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီ လိုက်ကောက် ပေးနေရ
တဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက
ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအ
တွက် Start – All Programs – Accessories – System Tools ကိုအ
ဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး
သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာ
ဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။
 နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန် ဆန် လာပါတယ်။
 နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့
ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူ
တာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေး ခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို
တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆
စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ
တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်
သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။
ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာ
ဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်
ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်
စေသင့်ပါတယ်။
သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktime
player တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အ
တွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အ ကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်
စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး
 ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့်
သွားရောက်ချိန်ညှိရမှာပါ။
အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်
အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေ
ဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်
ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်
ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။
မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့
အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com)
ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။
အဲဒီလိုချိန်ညှိလိုက်ခြင်း အားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာ
တာကို တွေ့ရပါတယ်။

၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိ
ပါသင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှား
တွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software
တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်း
တွေ မလုပ်တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။
ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ
တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်း ခက်ခဲနေမယ်ဆိုရင် တော့
ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀
တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာ
နက်ပေါ်ကတဆင့် ၀ယ်ယူပြီး အသုံးပြုဖို့တိုက်တွန်းပါရစေ။
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း
၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါ တယ်။ တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်
ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှား ပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင်
 ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်
ပိုမိုမြန်ဆန် လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ
Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါ
လိမ့်မယ်။ အဲဒါကို ပိတ်ဖို့ အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်း
လမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွား
ပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး
Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။
General Tab အောက်က “Allow Indexing Service to index this
disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင်
 ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။
စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခု
စလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့
 ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်
ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေး
နေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူ
တာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ
Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်
ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။
အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot
Search & Destroy ဆိုတဲ့ ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်
ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွား
သလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။
စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲ
ဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့
သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်
ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါသင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google
Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို
သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါ
တယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်
ရာမှာ နှေးကွေး သွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box
ထဲမှာ services.msc ဆိုပြီးရိုက် ထည့် လိုက်ပါ။
သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက
သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့
 ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။
လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
Source by :http://ayarnyinaung.blogspot.com

Wednesday, 2 December 2015

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ အင်မတန်ပဲကောင်းမွန်လှတဲ့ Android Application


ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ အင်မတန်ပဲကောင်းမွန်လှတဲ့ Android Application လေးတစ်ခုဖြစ်တာမို့ Share ပေးလိုက်ပါတယ်.


Download ပြုလုပ်ရန်
https://my.pcloud.com/publink/show?code=XZQbnzZOzqQIvpW9nkaU3vJr27Cokjw0viX

မိတ်ဆွေ သူငယ်ချင်း နှင့် အများသူငှာ တို့လည်း ကုသိုလ်ပွားများနိုင်စေရန် ဒီ post လေးအား ထပ်ဆင့် share ပေးခြင်းဖြင့် ကုသိုလ်ရကြပါစေဗျာ...
ကွမ်တန်း မငးရာဇာ

ဖုန်း Contacts ထဲက ဖုန်းနံပါတ်တွေပျက်သွားတာ ပြန်လိုချင်သူများအတွက်

https://my.pcloud.com/publink/show?code=7AqrtalK
***ဖုန်း  Contacts ထဲက ဖုန်းနံပါတ်တွေပျက်သွားတာ ပြန်လိုချင်သူများအတွက်  ယခုပြန်ရပါပီဗျာ......အထက်ကလင့်မှာ down ယူပါ.....။