ဖုန်းမာမိုရီ အားစစ်ဆေးနိုင်မည့် Quick Cleaner App
မိုဘိုင်းဖုန်းမှာ ဆော့ဝဲများအသုံးခြင်း ဂိမ်းထည့်သွင်း အသုံးပြုခြင်း သီချင်းသွင်းခြင်း အစရှိတာများ ပြုလုပ်ရာတွင် မိမိ တို့၏ ဖုန်း ရဲ့ Internet Store မာမိုရီ အား ခိုးထားတာတွေ့ရှိပါတယ်။ ဥပမာ ဆော့ဝဲအနည်းငယ် install လုပ်ပြီးတာနဲ မာမိုရီ ပြည့်ပြီး နောက်ထပ် install လုပ်မရတော့တာတွေတွက် ခိုးထားတဲ့ ဖုန်းရဲ့မာမိုရီ တွေကို စစ်ထုတ်ပေးနိုင်တဲ့ App ဖြစ်တဲ့ အပြင်း ဖုန်းပေါ့ပါးစေရန် သန့်ရှင်းကိုပါ ပြုလုပ်နိုင်မည့် မိုဘိုင်းဖုန်းတွက် အသုံးဝင်တဲ့Application တစ်ခုလည်းဖြစ်သည်။
Download Myanmar App Store
http://download675.mediafire.com/otj5omhqrabg/5ba4qjbv641m22c/QuickCleaner+v1.0%5B1%5D.apk
ကွမ်တန်းရာဇာ
Tuesday, 24 February 2015
Saturday, 21 February 2015
Samsung Galaxy Mega Plus
အချို့သော တံဆိပ်တွေဟာ အမျိုးအစားသစ်ဖုန်းတွေကို ထုတ်လုပ်တဲ့ အခါတွင် နိုင်ငံတိုင်းကို ဖြန့်ချိခြင်းမဟုတ်ဘဲ သီးသန့်နိုင်ငံတစ်ခုအတွက်သာ ရည်ရွယ်ပြီး ရောင်းချခြင်းများရှိပါတယ်။ ကမ္ဘာ့ဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်သော ဖုန်းဖြစ်ပေမယ့် လည်း ဖြန့်ချိသည့် နိုင်ငံ အပေါ်မတည်ပြီး၊ မော်ဒယ်နံပါတ်အလိုက်ပါဝင်သော စွမ်းရည်များ အနည်းငယ်ကွဲပြားသည့် ဖုန်းများလည်းရှိပါတယ်။ Samsung ဟာဖုန်းအမျိုးအစားအသစ်များစွာကို လစဉ်လတိုင်း မိတ်ဆက်ထုတ်လုပ်ရောင်းချပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အသစ်ထုတ်လုပ်သည့် ဟန်ဆက်တိုင်းပြည်တွင်းကို မရောက်ရှိပါဘူး။ ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို ဖြန့်ချိခြင်းမပြုဘဲ အချို့နိုင်ငံများအတွက်သာ ထုတ်လုပ်သော Samsung ရဲ့ ဟန်းဆက်တစ်မျိုးကတော့ Mega Plus ဖြစ်ပါတယ်။ Mega Plus ဟာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်လုပ်ထားတာဖြစ်ပြီး၊ GSM နဲ့ CDMA network အထောက်အပံ့ရရှိပါမယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 162.6x82.4x8.99mm ဖြစ်ကာ၊ အလေးချိန်ကတော့ 183.5g ရှိပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းကတော့ 5.8inches ဖြစ်ပြီး၊ မြင်ကွင်း စွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 540x960 ပါ။ ဓာတ်ပုံရိုက်ကူနိုင်ဖို့အတွက် ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး၊ အဓိကကင်မရာကတော့ 8MP စွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 1.9 MP စွမ်းရည်ပါ။ မှတ်ဥာဏ်ပမာဏအနေဖြင့် ထောက်ပံ့ပေးထားတာကတော့ RAM ကို 1.5GB နှင့် internal Storage ကို 8GB ဖြစ်ပါတယ်။ Wifi, GPS, Sensor စနစ်များလည်း အသုံးပြုလို့ရပါမယ်။ ဖုန်းကို လျင်မြန်စွာအသုံးပြုနိုင်စေဖို့ အတွက် ထည့်သွင်းပေးထားသော processor အမျိုးအစားကတော့ Quad core 1.2GHz ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား ကတော့ 2600mAh စွမ်းရည်ရှိပါတယ်။
Network - GSM/CDMA
Screen - 5.8inches
Memory - 8GB
Bluetooth - Yes
CPU - Quad Core 1.2GHz
OS - Android OS, v4.2
Credit : Mobile Guide Journal

Friday, 20 February 2015
OPPO N3 Review
OPPO N3 ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာကိုင်တွယ် အသုံးပြုရာမှာ အရွယ်အစားက အဆင်ပြေပြီး ကင်မရာပိုင်းမှာ ဆိုရင်လည်း ဓာတ်ပုံကင်မရာတစ်ခုရဲ့ ရုပ်ထွက်လိုမျိုး ဓာတ်ပုံတွေကို ဖန်တီး နိုင်တာ တွေ့ရပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ Sensor စနစ်ပိုင်းတွေမှာလည်း ကောင်းကောင်း အသုံးပြုနိုင်တာ တွေ့ရပြီး Finger Print စနစ်ကလည်း စိတ်ကျေနပ်စရာပါပဲ။
ကင်မရာကို တစ်ပတ်လှည့်တဲ့ နည်းပညာမှာလည်း စနစ်လေးမျိုးလောက် အသုံးပြုနိုင်တဲ့အတွက် အသစ်အဆန်း နှစ်သက်သူတွေ အနေနဲ့ စိတ်ကြိုက်ဖြစ်စေ နိုင်မှာပါ။ ဖုန်းကိုကိုင်တွယ် အသုံးပြုချိန်မှာ အလေးချိန်ကတော့ အနည်းငယ်များပါတယ်။ VOOC နည်းပညာ ပါဝင်တဲ့အတွက် ဘက်ထရီကို အချိန်အနည်းငယ်အတွင်းမှာ အားပြည့်အောင် ပြန်သွင်းပေးနိုင်ပါတယ်။ ကင်မရာပိုင်းမှာ ကောင်းမွန်ပြည့်စုံတဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။
Credit: Internet Journal

Thursday, 19 February 2015
Zen UI
Zen UI ဟာဆိုရင် ASUS နဲ့အခြားသော ပါတနာတွေပူးပေါင်းပြီးတော့ ဖန်တီးထားတဲ့ front-end touch interface တစ်ခုဖြစ်ပါတယ်။ ASUS ကထုတ်လုပ်ထားတဲ့ Android ဖုန်းတွေနဲ့ Tablet ကွန်ပျူတာတွေမှာ အသုံးပြုထားတဲ့ UI တစ်ခုပါ။ Zen UI မှာဆိုရင် ASUS ကိုယ်တိုင်ဖန်တီးထားတဲ့ app တွေဖြစ်တဲ့ s လို app မျိုးတွေပါဝင်လာပါတယ်။
Zen UI မှာ အဓိကကျတာက ရိုးရှင်းမှုပါ။ Screen Size ကြီးကြီးမှာ icon ကြီးကြီးတွေ သုံးပေးထားတဲ့အတွက် အမြင်အာရုံအားနည်းတဲ့ လူကြီးတွေအဖို့အဓိက သင့်လျော်သလို၊ လက်တစ်ဖက်တည်းနဲ့ သုံးချင်တဲ့သူတွေအတွက်လည်း One Hand Mode ကိုထည့်ပေးထားပါတယ်။ Function ပိုင်းကို အဓိကဦးစားပေးထားပေမယ့် ဒီဇိုင်းနဲ့ လှပသပ်ရပ်မှုအပိုင်းကိုလည်း လျစ်လျူရှုမထားပါဘူး။ ရိုးရှင်းပြီး intuitive ဖြစ်တဲ့အပြင်ကို အသုံးပြုသူတွေရဲ့ ဘ၀နေထိုင်မှုတွေကိုပါ စနစ်တကျပါဝင်စီးမျောနိုင်စေဖို့ကိုလည်း အာရုံစိုက်ဖန်တီးထားတာ ဖြစ်ပါတယ်။
သူ့မှာ ပါဝင်လာတဲ့ What’s Next Feature ဟာဆိုရင် လက်ရှိမှာ ဘာတွေဖြစ်နေမယ်၊ ရာသီဥတုက ဘယ်လိုရှိတယ်။ နောက် ၁၅မိနစ်မှာ ဘာဖြစ်မယ်၊ အခုအစည်းအဝေးပွဲပြီးလို့ နောက် ၂ နာရီကြာရင် စားသောက်ပွဲပြီးလို့ နောက် ၂နာရီကြာရင် စားသောက်ပွဲရှိတယ် စသဖြင့်ရှေ့မှာ ဘာဖြစ်မယ်ဆိုတာတွေကို ကိုယ့်ရဲ့ Calendar နဲ့ ချိတ်ဆက်ပြီး Home Screen ပေါ်မှာ တင်ကို သတိပေးနေမယ့် စနစ်ပါ။
နောက်ထပ်ပါဝင်လာတာကတော့ Do it Later ပဲဖြစ်ပါတယ်။ ကိုယ်ရေးနေတဲ့ email တွေကို ရပ်ထားခဲ့ပြီး နောက်မှ ပြန်ဆက်ရေးလို့ရနိုင်တယ်၊ browser မှာလည်း ကိုယ်ကြည့်နေ့တဲ့ page ကိုရပ်ထားပြီး နောက်မှပြန်ကြည့်နိုင်တယ်။ ဖုန်းခေါ်ဖို့ ရှိတယ်ဆိုရင်လည်း နောက်မှပြန်ခေါ်လိုက်ရအောင် မှတ်ထားနိုင်ပါတယ်။ အဲဒီ Do it Later တွေအားလုံးကိုလည်း သူ့အတွက် သီးသန့်လုပ်ပေးထားတဲ့ app ထဲမှာ ၀င်ကြည့်ပြီးတော့ ကိုယ်အားတဲ့အချိန်မှာ ဖုန်းခေါ်တာတွေ၊ email ရေးတာတွေကို web page ကိုပြန်ကြည့်တာတွေ လုပ်နိုင်ပါတယ်။
ကင်မရာအပိုင်းမှာတော့ Zen UI ဟာ PixelMaster နည်းပညာကို အသုံးပြုပေးထားပြီး၊ Software နဲ့ Hardware တွေကိုပေါင်းစပ်အသုံးပြုပြီး ASUS ရဲ့မိုဘိုင်း device တွေမှာ ဓါတ်ပုံရိုက်ကူးမှုကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားတာပါ။
ZenLink app တွေကတော့ ကျွန်တော်တို့ကို ဘယ်လိုပလက်ဖောင်းမျိုးမှာမဆို၊ ဘယ်လို device မျိုးနဲ့မဆို ချိတ်ဆက်နိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ Share Link app ဟာဆိုရင် Zenfone ပေါ်မှာရှိတဲ့၊ ဓါတ်ပုံ၊ ဗီဒီယို၊ Contacts တွေအားလုံးကို ပြန်လည်မျှဝေမှုပြုလုပ်တာမှာ မြန်မြန်ဆန်ဆန်နဲ့လွယ်ကူစွာဆောင်ရွက်နိုင်အောင် စီစဉ်ပေးနဲ့ ထည့်ပေးထားတာပါ။
Party Link ကတော့ ကိုယ်ရဲ့ Zenfone ပေါ်က content တွေကို ကိုယ့်သူငယ်ချင်းတွေအားလုံးကို တပြိုင်တည်းမျှဝေပေးနိုင်ပါတယ်။ ဓါတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ Contact တွေနဲ့ အခြား content တွေအားလုံးကို ကိုယ့်စိတ်ကြိုက် select လုပ်ပြီးတော့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အားလုံးကို မျှဝေပေးနိုင်ဖို့ဖြစ်ပါတယ်။
Remote Link feature ကတော့ Zenfone ကို remote control အနေနဲ့ အသုံးပြုနိုင်ဖို့ပါ။ Power Point presentation တွေလုပ်နေတဲ့အခါမျိုးမှာ PC ကို Control လုပ်ဖို့အတွက် Zenfone ရဲ့ touchscreen ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။
PC Link ကတော့ Zenfone ရဲ့အစိတ်အပိုင်းတိုင်း၊ လှုပ်ရှားမှုတိုင်းကို PC ကနေတဆင့် Keyboard, Mouse တွေသုံးပြီး ထိန်းချုပ်သွားဖို့ဖြစ်ပါတယ်။
Asus ရဲ့ Open Cloud technology ဟာဆိုရင် Google Drive, Dropbox နဲ့ Microsoft ရဲ့ One Drive တွေအပါအ၀င် Cloud Storage တွေကိုစုပေါင်းပြီး ပေါင်းစပ်အလုပ်လုပ်စေဖို့ပဲဖြစ်ပါတယ်။ file manager, music player နဲ့ Gallery app တွေဟာ Open Cloud ကိုအသုံးပြုပြီး ကိုယ်ရဲ့ cloud ပေါ်မှာ သိမ်းဆည်းထားတဲ့ file တွေအားလုံးကိုတပြိုင်တည်း၊ တစ်နေရာတည်းချိတ်ဆက်ပေးသွားနိုင်ဖို့ဖြစ်ပါတယ်။ ကိုယ်ရဲ့ ဓါတ်ပုံတွေနဲ့ သီချင်းဖိုင်တွေဟာ cloud ကနေတဆင့် Asus မိုဘိုင်း ဖုန်းထဲကို တိုက်ရိုက် stream လုပ်နိုင်ပြီး ကိုယ်ဖုန်းရဲ့ memory ထဲမှာ download လုပ်ပြီးသိမ်းထားစရာမလိုတော့ပါဘူး။
Omlet Chat ဟာဆိုရင် ကိုယ့်သူငယ်ချင်းတွေနဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ စတာတွေကို ပြန်လည်မျှဝေပေးဖို့အကောင်း နေရာတစ်ခုဖြစ်ပါတယ်။ ထူးခြားချက်က Asus ဟာ Omlet Chat ကို အခမဲ့ ရနိုင်ပြီး Ope source information system တစ်ခုအဖြစ်လမ်းဖွင့်ပေးထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သူငယ်ချင်းတွေနဲ့ chat လုပ်ရတာက ပျော်ဖို့ပိုကောင်းလာပြီး ကိုယ်ဘယ်နေရာမှာပဲရှိနေနေ၊ မိတ်ဆွေတွေနဲ့ Group Chat တွေလုပ်နိုင်တယ်ဆိုတာက ကျေနပ်စရာပါ။ ဒါတင်မကပဲ၊ ပုံလေးတွေဆွဲနိုင်စေမယ့် tool လေးတွေ၊ ဓာတ်ပုံ fiter တွေစတာတွေကိုပါ ထည့်သွင်းပေးထားပါတယ်။
Credit : Techspace Journal

Saturday, 14 February 2015
* Galaxy S6 မှာပြုပြင်ပြောင်းလဲလာသော Samsung ရဲ့ ထူးခြားချက်များ *
Galaxy S6 မှာထူးခြားမဲ့အချက်အလက်လေးတွေကို sammobile ကအခုလိုရေးထားတာဖတ်ရပါတယ်။
၁။ S Voice, S Health, S Note or Scrapbook စတဲ့ samsung preload appp များဖုန်းနဲ့ တပါတည်း ပါရှိမှာမဟုတ်တော့ပဲ samsung စတိုးမှာဒေါင်းလုဒ်ရယူနိုင်မှာဖြစ်ပါတယ်။
၂။ Microsoft OneNote, OneDrive, Office Mobile (with a free Office 365 subscription), and Skype စတဲ့ app တွေပါဝင်လာမယ်လို့သိရှိရပါတယ်။
၃။ Galaxy S6 မှာအသုံးပြုတဲ့ Touchwz ဟာ လက်ရှိ Note4 Lollipop Touchwiz ထက်အတော်လေးသိသိသာသာမြန်တာကိုတွေ့ရမှာဖြစ်ပါတယ်။
၎။ ဆမ်ဆောင်းကီးဘုတ်ဟာ TabS နဲ့ iphone keyboard ပေါင်းစပ်ထားသကဲ့သို့အသွင်သစ်အနေအထားမြင်ရမှာဖြစ်ပီး Theme option များလဲပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။
၅။ Samsung app တွေအကုန် colorful ပုံစံနဲ့ အတော်လေးခပ်မိုက်မိုက်ဖြစ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။
၆။ အရင်က Touchwiz မှာလုပ်ခွင့်မရတဲ့ Home Layout ကို 4x4 , 4x5 နဲ့ 5x5 စသဖြင့်စိတ်ကြိုက်ပြောင်းလဲပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
၇။ app drawer ကို endless rotate လုပ်လို့မရတော့ဘူးလို့သိရပါတယ်။ ဆိုလိုတဲ့သဘောကတော့ app drawer စာမျက်နှာကိုတရွက်ပီးတရွက်သွားနေတုန်း ရှေ့ဆုံးစာမျက်နှာကို rotate သဘောနဲ့သွားလို့ရတော့မှာမဟုတ်ပဲ စာမျက်နှာတရွက်ချင်း နောက်ပြန်ဆုတ်ရမှာဖြစ်ပါတယ်။
၈။ music app ဟာ အမြဲတမ်း full screen mode နဲ့ပဲ run မှာဖြစ်တယ်လို့သိရပါတယ်။
၉။ dialer ဟာ မြက်ခင်းကဲ့သို့အစိမ်းရောင်ဖြစ်သွားမယ်လို့သိရပါတယ်။
အားလုံးခြုံပြီးသုံးသပ်ရရင် Galaxy S6 မှာပါလာမဲ့ app များ feature များ software function ဟာ အရင်ကထက်ပိုပီး အသုံးဝင်လာအောင် အရင်အားနည်းချက်များကို ထပ်ပီးဖြည့်ပီး ပိုမိုကောင်းမွန်ပီး end-user တွေနဲ့ပိုပီးအဆင်ပြေအောင် ပြုလုပ်ထားတာဖြစ်တယ်လို့သုံးသပ်ရပါတယ်။ .

Monday, 9 February 2015
ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။
(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။
ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။
ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။
စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။
ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။
လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။
World Myanmar မှ ပြန်လည် မျှဝေပါသည်။

Sunday, 1 February 2015
ရန်ကုန် (မဇ္ဈိမ)။ ။ အပတ်စဉ် ပြည်တွင်းဈေးကွက်ထဲကို ရောက်လာတဲ့ စမတ်ဖုန်းအသစ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတစ်ပတ်တော့ ပြည်တွင်းဈေးကွက်ကို မရောက်သေးပေမယ့် အသုံးပြုသူတွေ စိတ်ဝင်စားမယ့် ဖုန်းတစ်လုံးကို မိတ်ဆက်မယ်လို့ စဉ်းစားထားပါတယ်။ Xiaomi Note ကို ဇန်နဝါရီလ အတွင်းမှာ စတင်မိတ်ဆက်ခဲ့ပြီး တရုတ်နိုင်ငံဈေးကွက်မှာ စတင်ရောင်းချတဲ့အခါ သုံးမိနစ်အတွက် ဈေးကွက်ပြတ်တဲ့အထိ ရောင်းချခဲ့ရပါတယ်။ ရောင်းချခဲ့တဲ့ အရေအတွက်ကို ထုတ်ဖော် မပြောခဲ့ပါဘူး။ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ထပ်ရောင်းပေးမယ်လို့ ဆိုပါတယ်။ Apple ရဲ့ iPhone ကို ယှဉ်ပြိုင်မယ်လို့ ဆိုထားတဲ့ အတိုင်း သူ့ရဲ့အရည်အသွေးတွေကို ကြည့်ရအောင်။
မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး IPS LCD capacitive touchscreen မျက်နှာပြင် အသုံးပြုထားပါတယ်။ 1080x 1920 pixels အရွယ်အစားရှိတဲ့ ပုံရိပ်တွေကို တွေ့မြင်ခံစားနိုင်မှာပါ။ ပုံရိပ်သိပ်သည်းဆက 386 ppi ရှိတဲ့အတွက် နေရောင်အောက်မှာ အသုံးပြုမှုအတွက် အကောင်းဆုံး အရည်အသွေးကို ရနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက ၅ ဒသမ ၇ လက်မရှိပါတယ်။ မျက်နှာပြင် အရည်အသွေးကတော့ အားရစရာပါပဲ။
ကင်မရာ အရည်အသွေး
ကင်မရာ အရည်အသွေးက 13MP ဖြစ်ပါတယ်။ 4128 x 3096 pixels အရည်အသွေးရှိပုံရိပ်တွေကို ရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။ Geo-tagging, touch focus, face/smile detection, HDR, panorama စတဲ့ ကင်မရာစွမ်းဆောင်ရည် တွေပါဝင်ပါတယ်။ HDအရည်အသွေးရှိတဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာက 4MPဖြစ်တဲ့အတွက် လူမှုကွန်ရက်တွေမှာ ကိုယ်တိုင်ရိုက်ပုံတွေ တင်ချင်တဲ့သူတွေ အတွက်တော့
စွမ်းဆောင်ရည်ကောင်းတစ်ခုပါပဲ။
ဘက်ထရီအရည်အသွေး
အွန်လိုင်းဂိမ်းတွေနဲ့ လူမှုကွန်ရက်တွေက စမတ်ဖုန်းအသုံးပြုဖို့ ဆွဲဆောင်နေပါတယ်။ ဒီအချိန်မှာ စိတ်ပျက်စရာ အခက်အခဲတစ်ခုက ဘက်ထရီအသုံးခံနိုင်မှုပါ။ ဘက်ထရီ စွမ်းဆောင်ရည် ညံ့ရင် မကြာခဏ အားပြန်သွင်းရတာ၊Power Bank ဆောင်ထားရတာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ Xiaomi Mi Note ကတော့ Li-Ion 3000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။
အခြားစွမ်းဆောင်ရည်များ
GSM နှစ်ကတ်သုံး ဖုန်းဖြစ်ပါတယ်။ Android ဗားရှင်း 4.4.4(KitKat) ကိုအသုံးပြုထားပါတယ်။ Quad-core 2.5 GHz Krait 400 CPU ကို ဖုန်းအတွင်းသိုမှီးနိုင်မှုပမာဏက 16GB ရှိပါတယ်။ RAM က 3GB ပါ။ ဒီအရည်အသွေးတွေရှိတဲ့ Xiaomi Note ဟာ ပြည်တွင်းဈေးကွက်ကို ရောက်လာရင်ရော တရုတ်ပြည်ဈေးကွက် မှာလို အောင်ပွဲခံနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဈေးနှုန်းကတော့ iPhone 6 ရဲ့ ထက်ဝက်နီးပါးခန့်ရှိ နိုင်ပါတယ်။
http://www.mizzimaburmese.com

Subscribe to:
Posts (Atom)