OPPO N3 ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာကိုင်တွယ် အသုံးပြုရာမှာ အရွယ်အစားက အဆင်ပြေပြီး ကင်မရာပိုင်းမှာ ဆိုရင်လည်း ဓာတ်ပုံကင်မရာတစ်ခုရဲ့ ရုပ်ထွက်လိုမျိုး ဓာတ်ပုံတွေကို ဖန်တီး နိုင်တာ တွေ့ရပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ Sensor စနစ်ပိုင်းတွေမှာလည်း ကောင်းကောင်း အသုံးပြုနိုင်တာ တွေ့ရပြီး Finger Print စနစ်ကလည်း စိတ်ကျေနပ်စရာပါပဲ။
ကင်မရာကို တစ်ပတ်လှည့်တဲ့ နည်းပညာမှာလည်း စနစ်လေးမျိုးလောက် အသုံးပြုနိုင်တဲ့အတွက် အသစ်အဆန်း နှစ်သက်သူတွေ အနေနဲ့ စိတ်ကြိုက်ဖြစ်စေ နိုင်မှာပါ။ ဖုန်းကိုကိုင်တွယ် အသုံးပြုချိန်မှာ အလေးချိန်ကတော့ အနည်းငယ်များပါတယ်။ VOOC နည်းပညာ ပါဝင်တဲ့အတွက် ဘက်ထရီကို အချိန်အနည်းငယ်အတွင်းမှာ အားပြည့်အောင် ပြန်သွင်းပေးနိုင်ပါတယ်။ ကင်မရာပိုင်းမှာ ကောင်းမွန်ပြည့်စုံတဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။
Credit: Internet Journal

No comments:
Post a Comment