Wednesday, 28 January 2015

Chef Jet 3D printer လေးပါ.....
2015 မှာ 3D Printer တွေ ခေတ်စားလာမယ်ထင်တယ်ဘော်ဒါတို့ရေ

REF:Netguide

Tuesday, 20 January 2015

Play Store error နှင့် Gmail error တို့ဖြေရှင်းနည်း
အင်တာနက်သုံးသူတွေမှာဖြစ်တဲ့ google play store နဲ Gmail တို့ ဟာ မကြာခဏ error ကျပြီး အသုံးမဝင်ဖြစ်လာပါတယ်။  အဲ့ဒီပြဿနာတွေအတွက်
Root Explorer Pro က ဖြေရှင်းပေးပါလိမ့်မယ်။
   Root Explorer Pro  
Application ကို ဖွင့်ပါ
System ကိုရှာပြီး Click ပါ
System ထဲက etc ကို Click ပါ
etc ထဲက hosts ကို ဖိနှိပ်ပြီး Delete နဲ ဖျက်ပေးလိုက်ပါ။
ဒါဆို error ဖြစ်နေတဲ့ Play Store /Gmail တို့ကို အရင်လို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်မှာပါ။
ဖုန်းမှာ Root ​တော့ရှိရပါမယ်။
အဆင်​​ပြေကြပါစေဗျာ

  ကွမ်တန်းရာဇာ (malaysia)
Asus က Zenfone 2 နှင့် Zenfone Zoom စမတ်ဖုန်းများကို ကြေညာ
=================

Asus က CES ပွဲတွင် စမတ်ဖုန်း အသစ်နှစ်လုံးကို ကြေညာလိုက်ပါသည်။

* Zenfone 2

Zenfone 2 တွင် ၅.၅ လက်မ 1080p မျက်နှာပြင်ပါရှိပြီး မျက်နှာပြင်၏ ဘယ်၊ ညာဘက်ရှိ ဘေးဘောင်များသည် သေးငယ်ပါသည်။ မျက်နှာပြင်ကို Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ LTE ဆက်သွယ်မှုကို Dual-SIM Slot နှစ်ခုစလုံးတွင် အသုံးပြုနိုင်မည် ဖြစ်ပြီး 2.3GHz Intel Atom Z3580 Chipset တပ်ဆင်ထားပါသည်။ ကမ္ဘာ့ ပထမဆုံး အနေဖြင့် 4GB RAM ပါရှိသော စမတ်ဖုန်း ဖြစ်လာပါသည်။

HDR , Manual Mode ပါသော 13MP Camera ကို အနောက်ဘက်တွင် တပ်ဆင်ထားပြီး အရှေ့ဘက်ရှိ 5MP ကင်မရာသည် ၁၄၀ ဒီဂရီ မြင်ကွင်းကျယ်ဖြင့် Selfie Panorama ဓါတ်ပုံများကို ရိုက်ကူးနိုင်ပါသည်။ 3000mAh Battery တပ်ဆင်ထားပြီး လျှင်မြန်စွာ အားပြန်ဖြည့်နိုင်သော နည်းပညာက ၃၉ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်းကို အားဖြည့်ပေးနိုင်ပါသည်။

ZenUI နောက်ဆုံး ဗားရှင်းထည့်သွင်းပေးထားပြီး Theme, Fonts, Icons များကို စိတ်ကြိုက်ပြောင်းလဲနိုင်ပါသည်။ Android 5.0 Lollipop ကို အခြေပြုထားသဖြင့် Apps , File တစ်ခုချင်းစီအတွက် Password များသတ်မှတ်ထားနိုင်ပါသည်။ Instant Updates စွမ်းဆောင်ချက်က Firmware ကို Update ပြုလုပ်ပေးသည့် ရာသီစက်ဝန်းမရောက်ခင်တွင်ပင် ZenUI Apps များကို နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်ပေးနိုင်ပါသည်။

Zenfone 2 ကို အနက်၊ ရွှေ၊ အညို၊ အနီ၊ အဖြူရောင်များ ထုတ်လုပ်ပေးထားပြီး ၂၀၁၅ ခုနှစ် နှစ်လယ်တွင် ရောင်းချမည် ဖြစ်သည်။ 2GB RAM/ 16GB Storage အမျိုးအစားကို ဒေါ်လာ ၁၉၉ ဖြင့် ရောင်းခ

* Zenfone Zoom

Zenfone Zoom တွင် ၅.၅ လက်မ 1080p Display , 13MP Camera တပ်ဆင်ထားပါသည်။ သူ၏ အဓိက စွမ်းရည်မှာ 3x Optical Zoom Lens ဖြစ်ပြီး Optical Image Stabilization နည်းပညာလည်း ပါရှိပါသည်။ Zoom Lens မှ လွဲ၍ Zenfone Zoom သည် Zenfone 2 နှင့် တူညီသော Specification များပါရှိပါသည်။

Zenfone Zoom တွင် LG G3 တွင် အသုံးပြုထားသော Focus System နှင့် တူညီသည့် True Tone LED Flash နှင့် Laser Focus ပါရှိပါသည်။ Asus က Zenfone Zoom ကို CES တွင် ပြသခြင်းမရှိဘဲ Lens ၏ အောက်တွင် xenon flashlight ဟု ရေးသားထားသည့် Zenfone Zoom ၏ ဓါတ်ပုံတစ်ပုံကိုသာ ပြသထားပါသည်။

Asus က Zenfone Zoom ကို ဒေါ်လာ ၃၉၉ ဖြင့် ဇူလိုင်လ မတိုင်မီတွင် ရောင်းချပေးမည် ဖြစ်သည်။ အနက်နှင့် အဖြူရောင်များ ရွေးချယ်နိုင်မည် ဖြစ်သည်။

Credit : Myanmar Digital Life Journal


Monday, 19 January 2015

Facebook Messenger တွင် Voice Message များကို စာသားအဖြစ် ပြသပေးသော စွမ်းဆောင်ချက်ပါရှိလာ

Facebook Messenger တွင် Voice Message များ ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ စာရိုက်ဖို့ မလွယ်ကူတဲ့ အခြေအနေများ၊ လက်မအားတဲ့ အချိန်များမှာ ၊ အလုပ်ရှုပ်နေတဲ့ အခါများမှာ Voice Message များ ပေးပို့ရင် စာရိုက်တာထက် ပိုမို အဆင်ပြေစေပါတယ်။ ဒါပေမယ့် Voice Message များကို နားထောင်လို့မရတဲ့ အခြေအနေများလည်း ရှိပါတယ်။ အဲဒါတွေကတော့ အသံဆူညံတဲ့ နေရာတစ်ခုကို ရောက်နေတဲ့ အချိန်နဲ့ ဘေးပတ်ဝန်းကျင်မှ လူများကို မကြားစေချင်တဲ့ Voice Message များ ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေမှာ ၀င်လာတဲ့ Voice Message များကို စာသားအဖြစ် ပြသပေးနိုင်ရင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Facebook က Voice Transcription လို့ ခေါ်တဲ့ စွမ်းဆောင်ချက်ကို Facebook Messenger မှာ ထည့်သွင်းပေးလိုက်ပါပြီ။ ဒါပေမယ့် အဲဒီ စွမ်းဆောင်ချက်ကို Facebook Messenger အသုံးပြုသူ အနည်းငယ်မှာသာ စမ်းသပ်တဲ့ အနေနဲ့ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်အချိန်မှာ ထည့်သွင်းပေးမလဲဆိုတာတော့ မသိရသေးပါဘူး။

Credit: Myanmar Digital Life Journal

Sunday, 18 January 2015

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာကို အခြားသူ တစ်ဦးတစ်ယောက် အသုံးပြုသွားလားဆိုတာကို ကြည့်ရှုဖို့နဲ့ ကွန်ပျူတာရဲ့ Startup နဲ့ Shutdown Log တွေကို သိရှိ နိုင်ဖို့အတွက် အလွယ်တကူနဲ့ ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ Boot တက်ချိန်တွေနဲ့ မည်သည့်အချိန်မှာ Shutdown ပြုလုပ်မှု များကို Log ဖိုင်တွေနဲ့ စနစ်တကျ မှတ်သားထားတာ ဖြစ်တဲ့အတွက် အလွယ်တကူနဲ့ ပြန်လည်ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ PC Startup နဲ့ Shutdown Log များကို ကြည့်ရှုဖို့ အတွက် Win + R ကိုတွဲနှိပ်ပြီး Run Box ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Run Box ရောက်ပြီဆိုရင် eventvwr.msc ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Event Viewer ဆိုတဲ့ Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။ Windows Startup နဲ့ Shutdown Log တွေကို ကြည့်ရှုဖို့ အတွက်ဆိုရင် ဘယ်ဘက် Panel ထဲက Windows Logs ဆိုတာကို ရွေးချယ်ပြီး System မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် Event Viewer Local ကနေ ကြည့်မယ်ဆိုရင် Error ဖြစ်ခဲ့တဲ့ App တွေ၊ System ပိုင်း Error ဖြစ်ခဲ့တာတွေကို အသေးစိတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Error, Critical, Warning, Information, Audit Success အစ ရှိတာတွေကို အသေးစိတ် သိရှိနိုင်ဖို့အတွက် အချိန်တွေ၊ ရက်တွေနဲ့ Log ဖိုင်တွေကို မှတ်သားထားပေးပါတယ်။ Windows Logs ရဲ့ System ပိုင်းမှာ Information တွေနဲ့ Error ဖြစ်ခဲ့တာတွေကို လည်း ကြည့်ရှုမှတ်သားနိုင်မှာ ဖြစ်ပါတယ်။ 

Event Viewer ရဲ့ Windows Logs ရဲ့ System ပိုင်းမှာ ကွန်ပျူတာ စဖွင့်ခဲ့တဲ့ အချိန်ကို နေ့ရက်၊ အချိန် အတိအကျနဲ့ Information မှာဖော်ပြပေးမှာဖြစ်ပြီး၊ ကွန်ပျူတာသုံးနေစဉ် အချိန်တစ်လျှောက်မှာ ဖြစ်နေတဲ့ Error တွေ Malware တွေ့ရှိတာတွေကိုလည်း တောက်လျှောက် မှတ်တမ်းတင်ပြီး အချိန်အလိုက် ဖြစ် ပျက်နေ တာတွေကို မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။

Wednesday, 14 January 2015

Tuesday, 13 January 2015

အောက်ကလင့်မှာ ဒေါင်းပါဗျာ
http://lm.facebook.com/l.php?u=http%3A%2F%2Fmckkmyanmarsongnet.blogspot.com%2F2014%2F09%2Fmp3-album_77.html&h=lAQFEnoZG&enc=AZMMUjlzaxAXIHGQOxRhlpo41Sye-aBctThqqJWD7AncVfkg6v8Kve64hapudbIKmrFC9akkXzisXCE9GKLyyvIPHmShhGiio0wTw_GoXDk1dNFnVBStVIBI8wC_6UM76nPu8zQAS_Pgvq2jif6HXlw6&s=1
ကွမ်တန်းရာဇာ (မလေးရှား)

Wi-Fi နဲ့ Bluetooth ကွာဟချက် 

Wi-Fi နဲ့ Bluetooth ကွာဟချက်

Wi-Fi ( Wireless Fidelity) ရဲ့ စနစ်က အနီးစပ်ဆုံး Bluetooth နဲ့ဆင်တူပါတယ်။ Wi-Fi က 100m အတွင်း ဖမ်းနိင်ပြီး Bluetooth ကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံးကို 10m အတွင်းသာ Sharing တွေ ပြုလုပ်နိင်မှာ ဖြစ်ပါတယ်။ ပါဝါအားအသုံးပြုမူမှာနဲ့ App မှာလည်း ကွာပါတယ်။ Bluetooth က သုံးစွဲတဲ့ Device ရဲ့ ပါဝါအား ကို နည်းနည်းပဲ သုံးပေးပြီး Data Exchange တွေကို ပုံမှန်အတိုင်းသာ ဆောင်ရွက်ပေးပါတယ်။ Wi-Fi ကတော့ ပါဝါသုံးပြီး မြင့်မားတဲ့ Data Exchange တွေနဲ့
ကူးပြောင်းခြင်းတွေကို ပြုလုပ်ပေးပါတယ်။ တစ်ခု ကြည့်ရမှာက Bluetooth တွေက Sharing လုပ်နေသူရဲ့ personal Data တွေကို လုံခြုံမူ မရှိစေပါပဲ။ Wi-Fi ကတော့ လုံခြုံမူတွေ ရှိနေပါတယ်။

Wi-Fi တွေကို 2.4GHz နဲ့ 5GHz ကြားတွင် ထုတ်လွှတ်အသုံးပြုတတ်ကြပြီး ဖုန်းတွေမှာပါတဲ့ WLAN ရဲ့ အရှည်ကတော့ ( Wireless Local Aera Network )ဖြစ်ပါတယ်။ အမြန်နှုန်းအနေနဲ့ 2.4GHz တွင် 1-2Mbps ရှိပြီး 5GHz တွင်ဆိုရင် 54Mbps ရှိပါတယ်။ Wi-fi ကို အမေရိကန် အစိုးရပိုင်းကပဲ စတင်ထွင်ခဲ့တာ ဖြစ်ပြီး ၁၉၉၀ ခုနှစ်မှာ ကော်မတီတွေ စတင်ဖွဲ့ခဲ့ကာ ၁၉၉၉ နဲ့ ၂၀၀၂ မှာတော့ ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ နဲ့ Nokia, Motorola တို့နဲ့ပူးပေါင်းကာ Wi-Fi ထုတ်လွှတ်စမ်းသပ်ခြင်းတွေ ပြုခဲ့ပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ Wi-Fi Trademark တွေကို ဖုန်းမှာ တံဆိပ်ရိုက်ခြင်းတွေကို ပြုလုပ်နိင်လာပါတယ်။ ယခုဆိုရင်တော့ (၅၀၀) ထက် ပိုတဲ့ ကုမ္ပဏီတွေက အသုံးပြုနေကြပါတယ်။

Wi-Fi နဲ့ Bluetooth မှာ Wi-Fi က router ကတစ်ဆင့် ရေဒီယိုလိုင်းတွေကို ဖမ်းပြီး ပြန်လွှင့်ပေးကာ Device တစ်ခုနဲ့တစ်ခု အင်တာနက်သုံးစေနိင်ခြင်း၊ အချက်အလက်တွေ စီးဆင်းစေနိင်ခြင်းကို ပြုလုပ်ပေးပြီး
Bluetooth ကတော့ Device တစ်ခုနဲ့တစ်ခု တိုက်ရိုက်ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ထိုသို့ပေးပို့ရာတွင်လည်း encoding , decoding, Acknowledge တွေကိုသုံးပါတယ်။ ပေးပို့လိုက်တဲ့ အရာတွေကို Wireless Singanal ကနေတစ်ဆင့် သွားပါတယ်။ ၀ှက်စာနဲ့ သင်္ကေတတွေကို ပို့ပြီး လက်ခံတဲ့ Device့ လည်း ဒါကို ပြန်ပြီး ၀ှက်စာဖော်ပါတယ်။ ပြီးမှာ ပြန်ဖော်ပြပေးတာမျိုး ဖြစ်ပါတယ်။

Smart Pro Journal မှ

Monday, 12 January 2015

ဖုန်းပြောရင်း ချစ်သူကို သီချင်းဖွင့်ပြမယ့် APK

 မိမိ ဖုန်းပြောနေရင်း တဖတ်ကသူတွေ ဒါမှမဟုတ် မိမိရဲ့ ချစ်ချစ် ကိုမိမိဖုန်းထဲက သီချင်းလေးတွေကို ဖွင့်ပြနိုင်မဲ့ ဆော့ဝဲလေးမျှဝေလိုက်ပါတယ်။ မြန်မာမူလေးဖြစ်လို့ အသုံးပြုရတာလဲ အဆင်ပြေမှာပါ။ ဆော့ဝဲလေးကို on လုပ်ထားရုံနဲ့ မိမိဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ noti ဘားအဖြစ်ရှိနေမှာပါ။ မိမိထားချင်တဲ့နေရာ ထားနိုင်တယ်နော်။ မိမိဖွင့်ပြချင်တဲ့သီချင်းလေးရွေးထားပီး အချိန်ကျရင် noti ဘားလေးဆွဲပီးဖွင့်ပြရုံပါပဲ။ အောက်မှာဒေါင်းယူပါ။
http://download1294.mediafire.com/4r64rum4ijhg/hly003j5i3t3y32/com.shere.easycontroller-1005-v1.0.0.5.apk
ရေနီသားလေးရဲ့ အချစ်ကဗျာလေးတွေဖတ်ချင်သူတွေအတွက် Love Poem
ဒေါင်းချင်ရင်တော့အောက်ကလင့်မှာဒေါင်းပါ

Download Link>>
https://beta.m.box.com/shared_item/https%3A%2F%2Fapp.box.com%2Fs%2F82ycgk0bpof5dusb6z7c
အဆင်ပြေကြပါစေဗျာ

Sunday, 11 January 2015

vivo phone တစ်လုံး ကျွန်တော့်ဆီ မြန်မာစာသွင်းခိုင်းဖို့ ပေးတယ်ဗျ။ ဖုန်းကို ကျွန်တော်စစ်ကြည့်တော့ အထဲမှာဗြုတ်တိုက်အောင် မြန်မာစာသွင်းတဲ့ ဆော့ဝဲလ်တွေထည့်သွင်း ကလိထားတာ လန်ထွက်နေတာပဲဗျာ။ မြန်မာစာကိုဘယ်လိုမှကို ရိုက်လို့မရအောင် မမြင်ရအောင်ပါပဲဗျာ ဆောထားကြတာ။ ခေါင်းတောင်မူးပြီး လယ်ထွက်သွားတယ်ဗျာ။ ဘယ်လိုမှကို အဆင်မပြေတော့ဘူးဗျာ။ ဖုန်းကို ၂ခါဆေးလည်းမရဘူးဗျ။ root explorerနဲ့ သုံးလည်းမရဘူးဗျာ။
     နောက်ဆုံး mmsdsmartzawgyi.ttfနဲ့ ifont donateနဲ့ တွဲသုံးမှ အဆင်ပြေသွားပါတယ်ဗျာ။
အဆင်ပြေကြပါစေဗျာ
မင်းရာဇာ ကွမ်တန်း(မလေးရှား)

Friday, 9 January 2015

ကျွန်တော့် အတွေ့အကြုံလေးတစ်ခု ပြောပါရစေဗျာ။ ဒီနေ့ မလေးရှားနိုင်ငံ ကွမ်တန်းမြို့က မြန်မာဆိုင်တစ်ခုမှာ ကျွန်တော် note2 ဖုန်းအတုတစ်လုံး ကို နာမည်ကြီးrootဖြင့် rootဖောက်ပြီး မြန်မာစာသွင်းခဲ့ပါသည်။ အဲမှာပင် rootဖောက်ပြီးသောအခါ rootမအောင်မြင်ကြောင်း စာသားလည်းပြသည်။ အရုပ်လေးကလည်း ရှုပ်မဲ့ပြီး rootမအောင်မြင်ကြောင်းပြသည်။ သို့ပေမဲ့ ဖုန်းထဲမှာ ဖွင့်ကြည့်တော့ အဲဒီrootဖြင့် အခုပင်root ဖောက်ပြီးကြောင်းပြသည်။ root မဖောက်ခင် စစ်ကြည့်တော့ root မဖောက်ရသေးပါ။ စဉ်းစားရ တော်တော်ခက်သွားရ၏။ မှော်ဆန်ဆန် ရယ်စရာ အဖြစ်လေးပါဗျာ။ တစ်ခါမှ မကြုံဖူးပါဗျာ။
အဆင်ပြေကြပါစေဗျာ

Thursday, 8 January 2015


မည်သည့်လက်ကိုင်ဖုန်းမဆို လုံခြုံတယ်လို့ မရှိပါဘူး..သုံးစွဲသူရဲ့  ပေါ့ရော့မှုနဲ့  သတိမထားတာ နဲ့ အရည်အသွေးမကောင်းတဲ့  ပေါချောင်ပျက်လွယ်တဲ့ အပိုပစ္စည်းတွေကို ၀ယ်သုံးမိရာကနေ လက်ကိုင်ဖုန်း မီးလောင်ခြင်း- ပေါက်ကွဲခြင်းနဲ့  ဓါတ်လိုက်မှုတွေဖြစ်တတ်ပါတယ်။

အဓိက မီးလောင်ပေါက်ကွဲ စေနိုင်တဲ့ နေရာကတော့ ဖုန်းအတွင်းကဘက်ထရီအပြား လေးတွေ ပါဘဲ.. သူက ဗို့ အားပြင်းတယ်လေ ၊ နောက် ဖုန်းအားသွင်းကြိုးပေါက်နဲ့  ဓါတ်အားသွင်းတဲ့ ပလပ်အုံ ကိုတော့ ပေါ့ပေါ့ဆဆနဲ့ မကိုင်တွယ်ဘို့ လိုတယ်။ 

ဘက်ထရီအပြားလေးက ဖုန်းတခုလုံး လည်ပါတ်နိုင်အောင် အားတွေသိမ်းထားပြီး ထုတ်ပေးနေ တဲ့နေရာဆိုတော့... မိုးရေထိတာ-အစိုပြန်တာဖြစ်နဲ့ လျှော့ဖြစ်ပြီး အတွင်းမှာ အလွန်ပူးလာ မယ်-ပြီးရင်ကိုယ်က ပေါ့ပေါ့ဆဆနဲ့  ဘက်ထရီကြိုးတပ်လိုက်ရင် ဓါတ်လိုက်ပြီး စတွန့် သွားမှာ သေခြာတယ်။ 
ဒီလိုမျိုး ဘက်ထရီလျှော့ဖြစ်နေရင် အရင်ဆုံး ဓါတ်ခဲအပြားဟာပုံမှန်မဟုတ်-ဖေါင်းကြွလာပါလိမ့် မယ်-နောက်ပြီးညော်သလိုလို လို မီးလောင်တဲ့အနံ့  ဒါမှမဟုတ် ဖုန်းတခုလုံးပူလာမယ်ဆိုရင် တော့ သတိထားတော့။ 

ဖြစ်တတ်တာများတဲ့သူတွေကတော့ ချစ်ချစ်နဲ့ အကြာကြီးဖုန်းပြော ပြီးရင်စိတ်ကူးတွေယာဉ်ပြီး ပလပ်ပေါက်တန်းလန်းကြီးထား ခေါင်းအုံးအောက်မှာဖုန်းကိုထိုးအိပ်ပျော်သူတွေ၊ 
မိုးရွာထဲမှာ ထီးဆောင်းလမ်းလျှောက်ရင်းဖုန်းနဲ့ ကြူနေတဲ့ ကိုကိုမမတွေမိုးကြိုးပစ်နိုင်ပါတယ်။
ကြိုးတန်းလန်းနဲ့ ဂိမ်းအကြားကြီးကစားတတ်တဲ့ ခလေးတွေ၊ နောက်ပြီးအား ပြည့်နေတာကို ကြိုးမဖြုတ်ဘဲ ဆက်တတ်ထားတတ် သူတွေပါဘဲ။ 

နောက်တခုက အားသွင်းကြိုးပေါက်နေရာလည်း ခဏခဏ ထိုးလိုက်ထုတ်လိုက်လုပ်ပါများ တော့ချောင်ပြီး အထဲက လျှက်စစ်ကူးတဲ့  ကြေးပြားလေးတွေ နေရာမမှန်ရာကနေ မီးထလောင်တတ်ပါတယ်၊ အဲဒိအပေါက်က ဓါတ်လိုက်တာအဖြစ်များတယ်၊
ဒါကြောင့်အားသွင်းကြိုး ထိုးတဲ့အခါ တယုတယနဲ့ ညင်ညင်သာသာလေး ထိုးတတ်ဖို့ပါဘဲ။
နောက်ပြီးတော့ ခလေးတွေကိုလည်း လက်လွတ်စပါယ် အားသွင်းကြိုးမထိုးခိုင်းသင့်ဘူး ဖြစ်နိုင်ရင်တော့ လုပ်ပုံကို သေချာပြထားရပါလိမ့်မယ်။ 

နောက်ဆုံးနေရာက ပင်မပလပ်ပေါက်နဲ့ ဆက်သွယ်ပေးတဲ့  အားသွင်းကြိုးရဲ့ adapter အပိုင်းပါ၊ တချို့ ဖုန်းတွေရဲ့  အားသွင်းကြိုးတွေ မျိုးတူပေမယ့် ဈေးပေါပေါနဲ့  ပြည်တွင်းကိုဝင်လာတဲ့ အပိုပစ္စည်း တွေက အပျက်မြန်ပြီး လျှက်စစ်ကိုထိမ်းညှိပေးမယ့် မူရင်းပုံစံမျိုး မဟုတ်ဘဲ တိုက်ရိုက့် ဆက်ပေး ထားတဲ့ အတွက်
 သတိထား ရပါမယ်။

Android ဖုန်းအကြောင်း
Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာ သွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။
ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကို အသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကို အပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့ တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။
ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?
ဖုန်းရဲ့ Performance , speed ကိုပြန်လည်မြှင့်တင်ပေးတဲ့ ၊ ဖုန်းထဲက အသုံးမလိုတဲ့ ဖိုင်တွေကိုဖယ်ရှားရှင်းလင်းပေးတဲ့ Cleaner ဆော့ဝဲတွေများစွာရှိပါတယ်။ ဖုန်းထဲမှာ ကိုယ်သုံးလိုက်တဲ့ဆော့ဝဲတွေဟာ နောက်ကွယ်( Background) မှာအမြဲ run နေပြီး ဖုန်းရဲ့ memory နေရာလွတ်တွေကို ဒီဆော့ဝဲတွေက အမြဲနေရာယူနေတဲ့အတွက် ဖုန်းရဲ့ performance ကိုကျဆင်းစေပါတယ်။ တစ်ချို့ users တွေကတော့ ဖုန်းသုံးရတာလေးနေရင် Task Killer ဆော့ဝဲတွေသုံးလေ့ရှိကြပါတယ်။ ဒါပေမယ့် task killer ဆော့ဝဲတွေဟာ Background မှာ run နေတဲ့ဆော့ဝဲတွေတင်သာမက တစ်ချို့ မဖြစ်မနေ run ရမယ့် system app တစ်ချို့ကိုပါ ရပ်ဆိုင်းဖြစ်တာကြောင့် အသုံးပြုဖို့မသင့်ပါဘူး ။ ဒါကြောင့် ဖုန်းသုံးရတာလေးလံလာပြီဆိုရင် ဖြေရှင်းရမယ့် အဓိကအချက်က နောက်ကွယ်မှာ အမြဲ run နေဖို့မလိုအပ်တဲ့ ဆော့ဝဲတွေကိုေ၇ွးချယ်ရပ်ဆိုင်းပစ်ခြင်းကသာ အဓိကဖြေရှင်းနည်းဖြစ်ပါတယ်။
နောက်ကွယ်မှာ run နေကြတဲ့ ဆော့ဝဲအရေအတွက် ၊ အမျိုးအစားများအား ကန့်သတ်ပစ်ခြင်း
————————————————————————————
Google Play မှာအခမဲ့ရယူနိုင်တဲ့ ဆော့ဝဲဖြစ်တဲ့ Greenify ဟာ သင့်ဖုန်းမှာ သွင်းထားတဲ့ ဆော့ဝဲတွေကို auto မ run နိုင်အောင်ပြုလုပ်ပေးနိုင်ခြင်း ၊ Background မှာ run နေတဲ့ဆော့ဝဲတွေထဲကမှ အမြဲ run နေဖို့မလိုအပ်တဲ့ဆော့ဝဲများကိုသာေ၇ွးချယ် ပိတ်ပစ်ပေးခြင်း နဲ့အခြားသော Cleaning process တွေလုပ်ဆောင်ပေးနိုင်ပါတယ်။ Greenify ဆော့ဝဲဟာ ၂၀၁၃ ခုနှစ်ရဲ့ အကောင်းဆုံး Android Application စာရင်းထဲမှာပါဝင်ခဲ့တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ Greenify ကိုတော့ အောက်က link ကနေရယူနိုင်မှာပါ
https://play.google.com/store/apps/details?id=com.oasisfeng.greenify
Live Wallpaper နဲ့ Animation များကိုဖယ်ရှားခြင်း
ဖုန်းမှာ Live wallpaper နဲ့အခြားသော Animation များကို run ထားစေခြင်းဟာလည်း ဖုန်းကိုအသုံးပြုရနှေးကွေးစေတဲ့အကြောင်းအရင်းထဲမှာ အပါအ၀င်ပဲဖြစ်ပါတယ်။  ဒါကြောင့် Animation တွေကိုမလိုအပ်ဘူးဆိုရင် ပိတ်ထားသင့်ပါတယ်။ Android version 2.3 ရဲ့ Display Setting ထဲမှာ Animation function ပါပြီး ယင်း function ထဲကိုဝင်ပြီး No Animation လုပ်ထားနိုင်သလို Android version 4.0 နှင့်အထက်မှာလည်း setting ထဲက Developer Option ထဲမှာ Windows Animation Scale ဆိုတဲ့ function ပါဝင်ပါတယ်။ ယင်း function ထဲကိုဝင်ပြီး Animation Off လုပ်ထားနိုင်ပါတယ်။
ဖုန်းရဲ့ Internal Memory Free space ကိုတိုးစေခြင်း 
ဖုန်းမှာ Background app process တွေ run မထားသော်လည်း ဖုန်းရဲ့ Internal Memory Free space နည်းနေရင်လည်း အသုံးပြုရတာလေးလံနေဦးမှာဖြစ်ပါတယ်။  Android app , game တစ်ချို့ဟာ ဖုန်းရဲ့ Internal Memory ကိုသူတို့ရဲ့ data တွေသိမ်းဆည်းဖို့အသုံးပြုလေ့ရှိပါတယ်။
ဒါမျိုးဆော့ဝဲတွေကိုများများသွင်းထားရင်တော့ ဖုန်းက သိပ်မကြာခင်မှာပဲအသုံးပြုရတာလေးလံလာမှာပါ။ ဖုန်းရဲ့ Internal Memory Free space ကိုသေချာရှင်းလင်းပေးနိုင်ဖို့ဆိုရင်တော့  AppMgr III (App 2 SD) လိုမျိုးဆော့ဝဲကို သုံးသင့်ပါတယ်။ ယင်းဆော့ဝဲက ဖုန်းရဲ့ internal memory ထဲမှာသိမ်းဆည်းထားတဲ့ဖိုင်များကို SD Card ထဲသို့လွယ်ကူစွာရွှေ့ပြောင်းပေးနိုင်ပါတယ်။ ဖုန်းရဲ့ Internal Memory ထဲမှာ ခဏတာသိုလှောင်ထားတဲ့ Temporary file များနဲ့ cache file တွေကိုတော့ Clean Master ကဲ့သို့သော ဆော့ဝဲမျိုးကိုအသုံးပြု၍ ရှင်းလင်းနိုင်ပါတယ်။
Home Screen ပေါ်မှာမလိုအပ်တဲ့ Widget များကိုဖယ်ရှားပစ်ခြင်း
Home Screen ပေါ်မှာတင်ထားတဲ့ Widget များ ၊ ဥပမာအားဖြင့် သတင်း widget လိုအရာမျိုးတွေဟာ ဆော့ဝဲကိုမဖွင့်ရင်တောင်မှ Widget ပေါ်မှာ သတင်းကတော့ ပုံမှန်ပေါ်နေမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ သတင်း update ပုံမှန်တက်နေဖို့အတွက် Background မှာလည်း ယင်း widget ရဲ့ process ကအမြဲ run နေမှာဖြစ်ပါတယ်။ ဒီလို Widget မျိုးတွေဖုန်းရဲ့ Home Screen ပေါ်မှာများများတင်ထားမယ်ဆိုရင်လည်း Background process တွေများသွားတဲ့အတွက် ဖုန်းကအသုံးပြုရတာ နှေးနေ လေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သိပ်မလိုတဲ့ Widget တွေကိုလည်း ဖုန်းရဲ့ Home Screen ကနေဖယ်ရှားထားသင့်ပါတယ်။
ဒီအချက်တွေပြည့်စုံစွာလုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ဖုန်းဟာ ၀ယ်ကာစနဲ့မခြား သုံးစွဲရတာအမြဲပေါ့ပါးနေမှာဖြစ်ပါတယ်။
အဆင်ပြေကြပါစေဗျာ…….
Min Oke Kar (နည်းပညာမှတ်စု)မှ
အင်္ဂလိပ် မြန်မာအဘိဓာန်လေးပါဗျာ
အောက်ကလင့်မှာဒေါင်းပါဗျာ

https://c147.pcloud.com/cBZoeJkFZx0IxLZZZxuQPK7Z2ZZAoXZkZ207WZEZBkZ87ZT7Z67ZQkZ57ZKZpZR7Zn7Zq7ZzkZukZHapkZuspINCPR038hY160NjCM75RasKhV/Shwebook%20Dictionary%20Pro%28uploaded%20%20by%20%20joker-UM2%29.apk

Wednesday, 7 January 2015


ဒီ iNew phone version 4.4.2ကို iroot သုံးပြီး rootဖောက်တာ okသွားပါတယ်ဗျာ။
အဆင်ပြေကြပါစေဗျာ
   min yar zar

 ဖုန်းတွေမှာ Gmail အကောင့်သစ်ထပ်ဖွင့်လို့ မရ တော့တဲ့ပြသာနာဖြေရှင်းနည်း
_ _ _ _ _ _ _ _ _ _ _ _ _ _ _

ကျွန်တော်တို့ Android ဖုန်းတွေမှာအော်ရီဂျင်နယ်ပါတဲ့ Gmail app ပဲဖြစ်ဖြစ် Gappinstallerတွေနဲ့ ကိုယ့်ဖာသာ ထည့်ထားတဲ့Gmail app ပဲဖြစ်ဖြစ် အကောင့်ဖွင့်တဲ့အခါအကောင့်ဆယ်ခုလောက်ဖွင့်ပြီးရင်အကောင့်
သစ်ထပ်ဖွင့်လို့မရတော့ပါဘူး။တစ်ခါတစ်လေမှာလုပ်ပြီးသားအကောင့်ကို
sign in ဝင်တာတောင်မှပဲဝင်လို့မရတတ်တော့ပါဘူး။အဲဒီလိုပြဿနာမျိုးကို Gmailအကောင့်တွေအများကြီးလုပ်တတ်တဲ့သူတိုင်းကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။
အဲဒီပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းကိုဖေ့ဘုတ်ကနည်းပညာGroup တစ်ခုမှအကိုတစ်ယောက်ကပြောပြတဲ့အတွက် ပြန်လည်ဝေမျှ
လိုက်ရပါတယ်။Gmail အကောင့်သစ်ထပ်ဖွင့်လို့မရတော့တဲ့
ပြဿနာကိုဖြေရှင်းဖို့အတွက်ပထမဆုံးအနေနဲ့ Setting ထဲက ACCOUNTS
ဆိုတဲ့ ခေါင်းစဉ်အောက်က Google ဆိုတဲ့အထဲကိုဝင်ပါ။အဲဒီထဲမှာလုပ်ပြီးသား Gmailအကောင့်တွေရှိတယ်ဆိုရင်အားလုံးကို Remove account လုပ်ပါ။
ဒုတိယအနေနဲ့ကတော့
Setting >>Manage apps >> ALL ကို
သွားပါ။ Gmail app နဲ့ Google Account Manager နဲ့ Google Services
Framework တို့ကို Clear data လုပ်ပေးလိုက်ပါ။
တတိယအနေနဲ့တော့ဖုန်းကို Restart ချပေးလိုက်ပါ။အဲဒါဆိုရင် Gmail အကောင့်အသစ်တွေပြန်ဖွင့်ဖို့အတွက် လုံးဝကိုအဆင်ပြေသွားပါပြီခင်ဗျာ။

Tuesday, 6 January 2015

ဖုန်းသုံးရာတွင် အန္တရာယ်ကင်းစေမည့် အချက် ၁၀ချက်
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

အခုခေတ်မှာ လက်ကိုင်ဖုန်း အသုံးပြုမှုတွေ များလာပါတယ်။ လက်ကိုင်ဖုန်း သုံးသူတွေ များပြားလာသည့် အလျောက် ဖုန်းသုံးရာမှာ အန္တရာယ် ကင်းဝေးစေဖို့ ထိပ်တန်း (၁၀) ချက်ကို မျှဝေပေးလိုက်ပါတယ်။

(၁) လက်ကိုင်ဖုန်းကို သင့်ဦးခေါင်းနှင့် အနည်းဆုံး ၂.၇ လက်မ အကွာမှာ ထားသင့်ပါတယ်။ ဒါမှမဟုတ် စပီကာ ဖွင့်ပြီး ပြောပါ။ ဒီလိုလုပ်မှသာ ဦးနှောက်ဆီကို လျှပ်စစ် သံလိုက်လှိုင်း ဖြာထွက်ပျံ့နှံ့မှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။

(၂) သင် အိမ်ပျော်နေစဉ်မှာ လက်ကိုင်ဖုန်းကို သင့်ဦးခေါင်းနားမှာ ကပ်ပြီးမထားပါနဲ့။ ဖြစ်နိုင်ရင် လက်ကိုင်ဖုန်းကို တစ်ညလုံး ပိတ်ထားပါ။ ဒါမှမဟုတ် သင်အိပ်နေသော နေရာနှင့် (၆) ပေခန့် အကွာမှ ထားပါ။

(၃) လက်ကိုင်ဖုန်းကို သင့်အိတ်ကပ်ထဲမှာ ထည့်ထားရင် ကီးပတ် ( KeyPad ) ကို သင့်ကိုယ်ခန္ဓာဘက်ဆီကို ဦးတည်ပြီး ထည့်ထားပါ။ ဒါဆိုရင် ဖုန်းအင်တာနာ ( Antenna ) က သင့်နဲ့ဝေးဝေးမှာ ရှိနေပါမယ်။

(၄) ကိုယ်ဝန်ဆောင်နေစဉ် လက်ကိုင်ဖုန်းကို မသုံးသင့်ပါဘူး။ လက်ကိုင်ဖုန်းက လျှပ်စစ်သံလိုက်လှိုင်းက သန္ဓေသားရဲ့ ကြီးထားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

(၅) လေယာဉ်၊ စက်လှေကား၊ မီးရထား၊ ဓါတ်ဆီဆိုင်၊ CNG ဆိုင်နဲ့ အခြား သတ္တု အဆောက်အဦး အမျိုးအစားများထဲမှာ လက်ကိုင်ဖုန်း အသုံးပြုမှုကို ရှောင်ပါ။ လက်ကိုင်ဖုန်း သုံးရင် လျှပ်စစ် သံလိုက်လှိုင်း (EMR) ထွက်နှုန်း များစေလို့ပါ။

(၆) ဖုန်းကို ကြာကြာ ပြောမယ်ဆိုရင် Bluetooth သို့မဟုတ် နားကြပ်နဲ့ အသုံးပြုတာ ကောင်းပါတယ်။ လျှပ်စစ် သံလိုက်လှိုင်း ထွက်နှုန်းနဲ့ ထိတွေ့မှု နည်းလို့ပါ။

(၇) အသက် (၁၅) နှစ်အောက် ကလေးတွေကို လက်ကိုင်ဖုန်း ပေးမကိုင်သင့်ပါ။ လက်ရှိအခြေအနေမှာ ကလေးများ၏ ဦးနှောက် အကျိတ် ကင်ဆာ ဒုတိယ သေဆုံးမှု အများဆုံး အကြောင်းရင်းထဲတွင် ပါဝင်နေလို့ပါ။

(၈) လက်ကိုင်ဖုန်းတွေကို မွေးကင်းစကလေးတွေနှင့် ဝေးဝေးမှာ ထားပါ။ လျှပ်စစ် သံလိုက်လှိုင်းတွေက ကလေးငယ်ရဲ့ ပါးလွှာတဲ့ ဦးခေါင်းခွံကို ဖြတ်ပြီး ဦးနှောက်ထဲကို အလွယ်တကူ ရောက်ရှိစေပါတယ်။ ဒါကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။

(၉) ဘောင်းဘီ အိတ်ကပ်ထဲ လက်ကိုင်ဖုန်း ထည့်သွားခြင်းကို ရှောင်ပါ။ လက်ကိုင်ဖုန်းက ထွက်လာတဲ့ ရောင်ခြည်ဟာ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ထို့အပြင် သင့်နှလုံးမှာ စက်(Pacemaker) တပ်ထားရင် အင်္ကျီ အိတ်ကပ်ထဲမှာ လက်ကိုင်ဖုန်း ထည့်သွားခြင်းကို ရှောင်သင့်ပါတယ်။

(၁၀) လက်ကိုင်ဖုန်း ၀ယ်မယ်ဆိုရင် SAR (Specific Absorption Rate) နည်းတဲ့ အမျိုးအစားကို ရှာဝယ်ပါ။ SAR နံပါတ်နည်းလေလေ ပိုကောင်းလေလေပါပဲ။ ပြောပြချင်တာကတော့ ဖုန်းသုံးစွဲရာမှာ လူကို မထိခိုက်စေနိုင်သော အမျိုးအစားကို သေချာ မေးမြန်း ၀ယ်ယူပြီး အသုံးပြုစေချင်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲ ပြဿသနာများကို ကာကွယ်ပြီးသား ဖြစ်နေမှာမို့ပါ။
အဆင်ပြေကြပါစေ

Monday, 5 January 2015

၂၀၁၅ မြန်မာပြက္ခဒိန် v.1.0 Apk

ယခု Apps က၂၀၁၅ ခုနှစ်မှာ မိုဘိုင်းဖုန်းကိုင်ဆောင်သူများတွက်
မြန်မာ ပြက္ခဒိန် Application တစ်ခုဖြစ်ပါသည်။
အောက်ကလင့်မှာ ဒေါင်းပါဗျာ
http://www.mediafire.com/download/d4lvklxo7o2633x/com.OrangePicture.MyanmarCalender2015.apk
နည်းပညာဘီလူး ကြီးတစ်ကောင်နိုးထလာခြင်း(သို့ )
Xiaomi ၏ Online Marketing အောင်မြင်မှု(ဆောင်းပါး)
______________________________________
လွန်ခဲ့သည့် နှစ်များစွာတုံးက တရုတ်၏ ဈေးကွက်ကို Apple နှင့် Samsung
တို့ သာ စိုးမိုးလာခဲ့ရာကနေ ယခုအခါ Xiaomi ဆိုသည့် ဖုန်း Company သည် တရုတ်ဈေး
ကွက်တွင် စတင်စိုးမိုးဖို့ ခြေလှမ်းပြင်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့ ၏ ရည်ရွယ်ချက်ဖြစ်သည့်
ကမ္ဘာ့ တတိယ အကြီးဆုံး ဖုန်းထုတ်လုပ်သည့် Company ကြီးဖြစ်လာဖို့  စတင်ခြေလှမ်း
လိုက်ခြင်းလို့ သုံးသပ်သူများက ဆိုနေကြပါတယ်။
၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် သူတို့ ၏ Xiaomi သည် သူတို့ ၏
ပထမဆုံးဖုန်းကို I Phone 4S ထွက်ရှိသည့်အချိန်လောက်ကစတင်ခဲ့တာဖြစ်ပြီး သူတို့ ၏
ဈေးသက်သာခြင်းနှင့် Online(internet) မှ ရောင်းချခြင်း၊ Quality ကောင်းမွန်ခြင်းစသည့်
အားသာချက်များကြောင့် ယခု အချိန်တွင်တော့ နံမည်ကြီးဖုန်း Company ကြီးတစ်ခုအဖြစ်
ရပ်တည်လာနိုင်ကာ သုံးစွဲသူများအကြားရေပန်းစားနေသည့် Brand တစ်ခုအဖြစ်သို့ ရောက်
ရှိလာခဲ့ပြီဖြစ်ပါတယ်။
ယခုအချိန်မှာတော့ Xiaomi ၏ CEO ဖြစ်သည့် Li Jun(တရုတ်၏ စွန့် ဦးတီထွင်
လုပ်ငန်းရှင်) နှင့် သူ၏ သူငယ်ချင်း Lin Bin တို့ သည် သူတို့ ၏ Brand ကို ကမ္ဘာကိုထိုးဖောက်
ဖို့ အတွက် မျှော်လင့် နေကြပါပြီ။ စတင်မည့် နိုင်ငံများထဲတွင် လူဦးရေ သိပ်သည်းသည့်
ဘရာဇီး၊ အိန္ဒိယ ကဲ့သို့ နိုင်ငံများကိုပစ်မှတ် ထားနေကြပါတယ်။ ယခင်အပတ်က Xiaomi ၏
အိန္ဒိယ အရောင်း ကို ဆွီဒင် Company ကြီးဖြစ်သည့် Erricson ၏ကန့် ကွက်မှုကြောင့်
ခေတ္တ ပိတ်ထားခဲ့ရပြီး ယခုအခါပြန်လည်ရောင်းချခွင့် ရနေပြီလို့ သိရပါတယ်။
Apple ၏ CEO Steve Jobs ကိုအားကျသည့် Xiaomi ၏ CEO Lei Jun ကြောင့်
တရုတ်၏ Apple လို့ တင်စားခံနေရသည့် Xiaomi သည် Online Marketing,
နှင့် ဈေးနှုန်းသက်သာ သည့် ဖုန်းများရောင်းချခြင်းဖြင့် အခြား Company ကြီးများ၏ အတု
ယူမှုကိုခံနေရပြီလို့  စစ်တမ်းများအရသိရပြီး သူ၏ Online Marketing ကိုအတုယူကာ
Huawei နှင့် ZTE တို့ က Online ကနေအလုံးအရင်းနှင့် ရောင်းချဖို့ ပြင်ဆင်နေကြပါပြီ။
ဒါ့အပြင် One Plus Company နှင့် Smartisan Company တို့ သည်လည်း တန်ဖိုးနည်းပြီး
အရည်အသွေးမြင့်ဖုန်းများရောင်းချရန် ကြိုးစားနေကြပြီလို့ သိရပါတယ်။
ဖုန်းရောင်းချမှုကြောင့် Xiaomi အနေနှင့် အကျိုးအမြတ်များရနေသော်လည်း 
သူတို့ မျှော်မှန်းထားတာကတော့ ဖုန်းများအတွက် Entertainment များနှင့် Application 
Themes များရောင်းချခြင်းကြောင့် ရသည့်အကျိုးအမြတ်ကို ပိုမို ရချင်နေကြောင်းသိရပါတယ်။
ဒါ့အပြင် Xiaomi အနေနှင့် အခြင်း Devices များဖြစ်သည့် Smart Television များ၊
Tablet များနှင့် Fitness Band များကိုလဲထုတ်လုပ်ကာ ၀င်ငွေရှာလျှက်ရှိပါတယ်။
ယခုအချိန်တွင် Xiaomi သည် သူတို့ ၏ ဖုန်းများကို ကမ္ဘာ အနှံ့ ကိုထိုးဖောက်ရန်
အတွက် Google မှ Hugo Barra ကိုခေါ်ယူထားပြီး ဈေးကွက်ကိုစတင်ဖို့ ပြင်ဆင်နေပါပြီ။
Asia ဈေးကွက်ကိုတော့စတင် ထိုးဖောက်နေပြီး နောက်ထပ်ရည်ရွယ် ထားသည့်နိုင်ငံများတွင်
အိန္ဒိယ၊ ဘရာဇီး၊ ရုရှား ၊ အင်ဒိုနီးရှား ကဲ့သို့ လူထူထပ်သည့် နိုင်ငံများကိုအဓိကထားထားတာ
တွေ့ ရပါတယ်။ ဒါကြောင့် ဈေးနှုန်းသက်သာပြီး ၊ Quality ကောင်းသည့် ဖုန်းမျာရောင်းချ သည့်
Xiaomi ၏ Online Marketing သည် သူတို့ မျှော်မှန်းထားသလို ကမ္ဘာ့ တတိယ အကြီးဆုံးဖုန်း Company ကြီး
အဖြစ် သူတို့ ကို ဆွဲခေါ်သွားနိုင်မလားဆိုတာကတော့ ၂၀၁၅ နှင့် လာမည့် နှစ်များမှာဆက်
လက်စောင့်ကြည့် ရတော့မှာပဲဖြစ်ပါတယ်။

Android စက်ဖွင့်နည်း ၅ နည်း
၁။ Power mode

Power mode ဆိုတာကတော့ ပါဝါဖွင့်ဖွင့်ချင်း စတတ်တဲ့ mode ကို ပါဝါ mode လို့ ခေါ်ပါတယ်။

၂။ Charging mode

Charging mode ကတော့ ဖုန်းကို ပါဝါ ပိတ်ပြီး အားသွင်းရင် charger လေး ဖုန်းမှာ ပြေးနေပါလိမ့်မည်။ အဲဒါကို Charging mode လို့ခေါ်ပါတယ်။

၃။ Recovery mode

Recovery mode ဆိုတာကတော့ ပုံမှန် ဖုန်းဖွင့်ရင် မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Key တွေနဲ့ ပေါင်းစပ်ထားပါတယ်။ HUAWEI မှာဆိုရင် Volume up + Power, Samsung မှာဆိုရင် Home + Volume Up + Power, Sony မှာဆိုရင်တော့ သူ့အတွက် Partation မပါပါဘူး။ HTC မှာဆိုရင်လည်း သူ့အတွက် partition က သက်သက် မထည့်ပေးထားပါဘူး။ အဲဒီအတွက် သက်ဆိုင်ရာ key ကိုနှိပ်ပြီးမှ ၀င်လို့ရမှာ ဖြစ်ပါတယ် အဲဒီအတွက် အကျယ်ချုပ်ကိုတော့ နောက်မှ ရှင်းပြပါမယ်။

၎။ Bootloader mode (or) Downloading mode (or) Fastboot mode

Bootloader mode ကို ဘယ်မှာ သုံးလဲဆိုရင်တော့ Huawei မှာသုံးပါတယ်။ ဒီကောင်ကို ဘာလို့ခေါ်သေးလဲဆိုရင် Fastboot mode လို့ခေါ်ပါသေးတယ်။ Volume Down + Power လေး နှိပ်လိုက်တာနဲ့ Huawei Logo လေးမှာ ရပ်နေပါလိမ့်မည်။ အဲကောင်လေးကို bootloader mode (or) Fastboot mode လို့ခေါ်ပါတယ်။ Downloading mode ကျတော့ Samsung မှာ အသုံးများပါတယ်။ Volume Down + Home + Power key ကိုနှိပ်ပြီး Volume Up ကို တစ်ချက်နှိပ်လိုက်တာနဲ့ စက်ရုပ်ပုံစံလေးနဲ့ Downloading mode လေး ပေါ်နေတာကို Downloading mode လို့ခေါ်ပါတယ်။ Fastboot mode ကျတော့ Sony, Huawei, HTC တွေမှာ အသုံးများပါတယ်။

၅။ ADB mode

ADB ဆိုတာကတော့ Android debug bridge လို့ အဓိပ္ပါယ် ရပါတယ်။ Bridge ဆိုတာကတော့ developer တွေ အလုပ်လုပ်တဲ့ လုပ်ဆောင်ချက်တွေကို ရည်ညွန်းတဲ့ သဘော ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ADB ဆိုတာကတော့ PC Comment Line တွေပေါ်မှာ အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်။ အလွယ်ပြောရရင် USB debuging on ထားတယ်။ ကွန်ပြူတာနဲ့ ဖုန်းနဲ့ သိတယ်ဆိုရင် အဲဒါကို ADB mode လို့ခေါ်ပါတယ်။
 အားလုံး အဆင်ပြေကြပါစေဗျာ

ကွမ်တန်း မလေးရှားကဘော်ဘော်တစ်ယောက်အတွက်ပါဗျာ rootလုပ်နည်းကတော့ ကွန်ပျူတာနဲ့ လုပ်ရမယ့် နည်းပဲဖြစ်ပါတယ်..။ Android 4.4.2 ကို အရင် Root apk တွေနဲ့ Root ဖေါက်လို့ မရတာများပါတယ်..။ ဒါကြောင့် Kingo Root Tool နဲ့လည်း Root ဖေါက်လို့ အဆင်မပြေတဲ့သူများအတွက် VROOT(iRoot) နဲ့ Root ဖေါက်နည်းကို တင်ပေးလိုက်ပါတယ်..။ VROOT(iRoot) ကို နှစ်မျိုးသုံးလို့ ရအောင် Portable (Chinese) နဲ့ Setup (English) ဆိုပြီး သီးခြားစီ တင်ပေးထားတာဖြစ်ပါတယ်..။ Portable နဲ့ အဆင်မပြေတဲ့သူများရှိခဲ့ရင် Setup ဖိုင်ကို မိမိတို့စက်ထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ Setup ဖိုင်ကို Install ထည့်တဲ့အချိန်မှာတော့ အင်တာနက်ရှိဖို့လိုပါတယ်..။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့တဲ့၃လလောက်က စမ်းခဲ့တာပါ okပါတယ်ဗျာ
အဆင်ပြေပါစေဗျာ


Sunday, 4 January 2015

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်
ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Saturday, 3 January 2015

မြန်မာကီးဘုတ်အလှလေးတစ်ခုပါဗျာ
ဒေါင်းရန်လင့်

http://download682.mediafire.com/sj98dprp1njg/aqg20a1d5ur8n1x/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC+%E1%80%80%E1%80%AE%E1%80%B8%E1%80%98%E1%80%AF%E1%80%90%E1%80%B9%281%29.apk
Zawgyi ကော Unicode ကော သွင်းပေးနိုင်တဲ့ Android Font Changer

မြန်မာ ဖောင့် changer ပါ smart/zawgyi one နဲ့ padauk/mm3 ကို version အလိုက် ထည့်ထားပါတယ်။
zawgyiဆိုရင် zawgyi1 လား smart လား ရွေးခွင့် ရှိပီး frozen keyboard နဲ့ တွဲသွင်းပေးပါလိမ့်မယ်။ unicode ဆိုရင်
myanmar3 လား padauk လား ရွေးခွင့်ရှိပီး burma Uni keyboard နဲ့ တွဲသွင်းပေးပါလိမ့်မယ်။ အဆင်ပြေတဲ့ font ကို သွင်းနိုင်ပါတယ်။
ဒါက ဖောင့်တေကို ပါမစ်နစ်သွင်းတာပါ။ mm font မရှိတဲ့လူလည်း သုံးနိုင်ပါတယ်။ ဒီ app ကို မသုံးချင်ဘူး mm font က ရှိပီးသား ကျော်တို့က ဖောင့်တေကို virtual ပဲ သုံးချင်တယ် ဆိုရင် xposed installer နဲ့ per app font (သို့) fonter မှာ app တခုချင်းဆီကို ဖောင့် တမျိုးဆီ သုံးနိုင်ပါတယ်။ Root မရှိဘူး xposed မရလို့ unicode လည်း သုံးမရဘူးဆိုရင် firefox နဲ့ သုံးပီး tagu addon သုံးရင်
zaw ရော uni ရော ကို browser တခုတည်းမှာ သုံးနိုင်ပါတယ် ။

ဒေါင်းယူရန်လင့်
https://c124.pcloud.com/dHZze3EFZMVLTzZZZag2TK7Z2ZZAoXZkZEmi7ZYVSmIJQn6QRjcooday47fXcAFsQX/Zawgyi%20Uni%20Fontchanger.apk
ဦးလေးကြီးဆီမှ ကူးလာတာပါဗျာ
     အဆင်ပြေကြပါစေဗျာ


၂၀၁၅ ခုနှစ်အတွက် ဆရာစံဇာဏီဘို ရေးသားထားတဲ့ ရာသီဖွားဟောကိန်း

၂၀၁၅ ခုနှစ်အတွက် ဆရာစံဇာဏီဘို ရေးသားထားတဲ့ ရာသီဖွားဟောကိန်းတွကေို application အဖြစ်ထုတ်ဝေလိုက်ပါပြီခင်ဗျ။
ဒီapplicationထဲမှာ ၂၀၁၅ နိဒါန်း ၊ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေး၊ကျန်းမာရေး၊ မိသားစုရေး၊ အချစ်ရေးစသည်တို့အပြင် ကံမြင့်စေရန် အဆောင်အယောင်များ၊ 
ကံကောင်းစေသောနံပါတ်များ၊ အရောင်၊ အဝတ်အစား၊ ရတနာရွေးချယ်မှုအကြောင်းတို့ကိုပါ ထည့်သွင်းထားပါတယ်။
တစ်ပါတ်တစ်ခါ ဖော်ပြပေးမည့် အပတ်စဉ် ဟောစာတမ်းလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံပြင်ပရောက်ရှိနေတဲ့ ဆရာစံဇာဏီဘိုရဲ့ ပရိတ်သတ်တွေ အလွယ်တကူ ဖတ်ရှူ့နိုင်ဖို့ရည်ရွယ်ပြီး ထုတ်ဝေပေးလိုက်ပါတယ်ခင်ဗျာ။
Google Play၊ 1mobile store တို့ မှာ 2015 Myanmar Zodiac ဆိုပြီး ရိုက်ရှာကြည့်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာနေသောသူဖြစ်ပါက ဆရာ့ရဲ့ပညာကိုလေးစားသောအားဖြင့် မူရင်းစာအုပ်များကို ဝယ်ယူအားပေးနိုင်ပါတယ်။
အောက်က လင့်မှာ ဒေါင်းပါဗျာ
  http://apk-dl.com/root/apk/2015/1/2/com.nckk.mzbaydin2014_1.6_%5Bwww.apk-dl.com%5D.apk
MM AIO Font Changer Pro Beta
အားလုံးသော အန်ဒရိုင်းဖုန်းများ မြန်မာစာ မှန်စေရန် နှင့် မြန်မာစာ မပေါ်သော ဖုန်းများအတွက် 30-12-2014 က ထွက်ရှိလာသော MM AIO Font Changer Pro Beta ကို တင်ပေးလိုက်ပါတယ်...
ဒီဗားရှင်းမှာ GOOGLE က တရားဝင် လက်ခံလိုက်သော ခေတ်စားနေသည့် UNICODE ကို ထပ်မံဖြည့်သွင်းပေးထားပါတယ်...
Huawei ဖုန်းများ `ျ ´ ကပ်နေတာတွေကိုလည်း ဖြေရှင်းပေးထားပါတယ်...
Samsung ဖုန်းများ ဖုန်း တစ်လုံး လုံးကို မြန်မာစာ ပြောင်းလဲစေနိုင်ပါတယ်...
အန်းဒရိုင်း နောက်ဆုံး ဗားရှင်း V5.0 (Lolipop)အထိ အသုံးပြုနိုင်ပါတယ်...
မှတ်ချက်။ ။ ဖုန်းက root ဖောက်ပြီးသား ဖြစ်ရပါမယ်..
MM Aio Font Changer Pro.apk
 https://c52.pcloud.com/cBZ35wRzZI1KhLZZZz3BTK7Z2ZZAoXZkZsFkYZwZzZw7ZI7ZVkZNZCZRZx7ZykZy7ZOZHZekZSx5kZiFF5n3xpzok8JvcrqNLCaL3hkMAV/MM%20Aio%20Font%20Changer%20Pro.apk အဆင်ပြေကြပါစေဗျာ

Lenovo a269i Firmware
အကြောင်းအမျိုးမျိုးကြောင့် lenovo a269i ဖုန်းများ Firmware ပြုတ်သွားတဲ့မိတ်ဆွေများအတွက်
ပြန်လည်တင်ပေးလိုက်ပါတယ်...လိုအပ်နေသောမိတ်ဆွေများအတွက်တော့

      ဖိုင်ကို ဒေါင်းပြီး ဖြည်လိုက်ပါ Flash tools လေးပါတခါတည်းထည့်ပေးထားပါတယ်။

အဆင်ပြေကြပါစေ...

ဒေါင်းရန်>>>http://download774.mediafire.com/3lew33y9e87g/o8e3pnau3rucb3x/A269i_S021_131031.rar

ညောင်ရွက်နှင့်ဖုန်း Battery အားဖြည့်နည်းလေးပါ။ယုံတာမယုံတာနောက်ထားပြီး လက်တွေ့စမ်းကြည့်ပေါ့ဗျာ။ငွေကုန်တာမှတ်လို့နော်။ Battery 10%အောက် အားနည်းတဲ့အခါမှာ ညောင်ရွက်နှစ်ရွက်က 20%နှုန်းလောက်အထိ အားဖြည့်နိုင်တဲ့စွမ်းအားရှိတယ်တဲ့ဗျ။ အားလုံးဝခမ်းသွားရင် ညောင်ရွက် အစိမ်းလတ်လတ်ဆတ်ဆတ်ကိုချိုးပြီး Battery ရဲ့ အပေါင်းအနှုတ်ငုတ်တခုစီကို ညောင်ရွက်ကအရိုးနှင့် ထိထားပေးပါတဲ့ဗျ။၁၅မိနစ်လောက်ထိထားရမှာမို့ နံရံထောင်ထားပြီး ညောင်ရွက်လဲကျမသွားအောင် တိတ်နှင့်ကပ်ထားပါ။ ပြီးရင်ဖုန်းထဲပြန်ထည့် ပါဝါပြန်ဖွင့်ကြည့်ရင် 20%နှုန်းလောက် အားပြန်ပြည့်တယ်ဆိုပဲ။20%အထက်တော့ မစွမ်းဆောင်နိုင်ပါဘူးတဲ့ဗျာ။ကဲမယုံဘူးမပြောပဲ စမ်းကြည့်ကြရအောင်
   
Honor 3C Hol-U10 တို့မှာ မြန်မာစာ အဆင်မပြေသူများအတွက် မြန်မာစာ မှန်စေမဲ့ Font Tool လေးကို Ko Saing Maung မှ New Year လက်ဆောင်အဖြစ်ရေးပေးလိုက်ပါတယ် လိုအပ်သူတွေ ဒေါင်းယူနိုင်ပါပြီ။
ဒီ Tool လေးကိုအသုံးပြုဖို့ ဖုန်းမှာ Root ရှိဖို့ လိုပါမယ် ဖုန်းကို Pc နဲ့ချိတ်ဆက်ပြီး ကီးဘုတ်မှ 1 ကိုနိပ်၍ Enter ခေါက်ပေးပါ ဖုန်း reboot ကျပြီး ပြန်တက်လာရင်တော့ မြန်မာစာ အဆင်ပြေပါပြီ။
    အောက်ကလင့်မှာဒေါင်းပါဗျာ
 http://download1316.mediafire.com/xxe8nn1ec0kg/aebizqfb2hj8dx4/Honor+3C+-+U10+myanmar+font.rar
   အဆင်ပြေကြပါစေဗျာ
Android ဖုန်းမှာ Google account (Gmail/Gtalk/Play Store) များ ဝင်၍မရသော ပြဿနာအား ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို ကျွန်တော် ပြောပြမှာဖြစ်ပါတယ်။
“Can’t establish a reliable data connection to the server.” ဖြစ်နေလျှင် Google Account များ ဝင်မရတော့ပါ။ ဒီပြဿနာအား ဖြေရှင်းရန်
အတွက် ဖုန်းကို Factory data reset လုပ်စရာမလိုပါဘူး။

လိုအပ်ချက်မချက်များကတော့ သင့်ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရပါမယ်။ Root Explorer File Manager ရှိရပါမယ်။
(Root မထားဘူးဆိုရင်တော့ ‘Factory Data Reset’ ချပေးရမှာပါ)

(၁) Root Explorer File Manager ကို Download လုပ်၍ Install ဆက်လုပ်ပါ ပြီးလျင် Open ကို နှိပ်ပါ။

(၂) Root Explorer File Manager ထဲမှ system ကို နှိပ်ပါ။

(၃) system ကို နှိပ်ပြီးရင် etc ကို နှိပ်ပါ။

(၄) Mount R/W ကို Mount R/O ဖြစ်အောင် ပြောင်းပေးလိုက်ပါ။

(၅) ပြီးရင် hosts ကို ဖိထားပြီး Delete နှိပ်လိုက်ပါ။

(၆) ဖုန်းကို Restart လုပ်ပါ။ ပါဝါပြန်တက်လာပြီဆိုရင်တော့ Google account
အားလုံး ပြန်လည်အသုံးပြုလို့ရတာကို တွေ့ရပါလိမ့်မယ်။
အဆင်ပြေကြပါစေဗျာ

Friday, 2 January 2015


မင်းရာဇာရဲ့ apk လင့်လေးပါဗျာ

https://mail.google.com/mail/u/0/s/?view=att&th=14aab0401f4dfe7c&attid=0.1&disp=attd&safe=1&zw

ဗဟုသုတလေးများ အလွယ်တကူ ဖတ်နိုင်အောင် apkအဖြစ် ဖန်တီး စုစည်းထားပါသည်ဗျာ။
ဆရာ ဥာဏ်ကြွယ် ရေးသားထားတဲ့ 
မဖြစ်မနေကြုံတွေ့နေကြ ကွန်ပျူ တာမှပြဿ     နာများ ဖြေးရှင်းနည်း စာအုပ်....

ဒေါင်းရန်https://www.dropbox.com/s/3ktkwd9mbsagi4l/%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%BB%E1%80%95%E1%80%B4%E1%80%90%E1%80%AC%20%E1%80%BB%E1%80%95%E1%82%86%E1%80%94%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%20%E1%80%B1%E1%80%BB%E1%80%96%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%20%20upload%20by%20TEC.pdf
      အဆင်ပြေကြပါစေဗျာ။

Thursday, 1 January 2015

လောကနီတိကို ဖုန်းကနေ အလွယ်ဖတ်နိုင်ဖို့  လောကနီတိ apk သုံးကြည့်ပါ

 လောကနီတိ စာအုပ်ကို ဖတ်ဖို့ ဒီဆော့ဝဲလေး ဖုန်းထဲထည့်ထားလိုက်ရင်ရပြီ။

စာအုပ်မလိုတော့ဘူး ဖတ်မှတ်လိုက်နာစရာ နီတိတွေကို ဖုန်းကနေဖတ်ရပြီ

တစ်ပိုဒ်ချင်းဖတ်ရတာ အဆင်ပြေတာမို့ အောက်ကလင့်မှာ Downloadယူပါ။

https://www.dropbox.com/s/uzftg3c9edc26lz/Lokaniti.apk

https://play.google.com/store/apps/details?id=com.felix.lokaniti
    အဆင်ပြေကြပါစေဗျာ

Zenfone 4 T001 4.2.2များအတွက် root
https://dl.dropboxusercontent.com/u/64043523/intelandroiddrvsetup1.1.5.zip


https://dl.dropboxusercontent.com/u/64043523/Root_V2_Zenfone%204_T001.rar