Android ဖုန်းမှာ Google account (Gmail/Gtalk/Play Store) များ ဝင်၍မရသော ပြဿနာအား ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို ကျွန်တော် ပြောပြမှာဖြစ်ပါတယ်။
“Can’t establish a reliable data connection to the server.” ဖြစ်နေလျှင် Google Account များ ဝင်မရတော့ပါ။ ဒီပြဿနာအား ဖြေရှင်းရန်
အတွက် ဖုန်းကို Factory data reset လုပ်စရာမလိုပါဘူး။
လိုအပ်ချက်မချက်များကတော့ သင့်ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရပါမယ်။ Root Explorer File Manager ရှိရပါမယ်။
(Root မထားဘူးဆိုရင်တော့ ‘Factory Data Reset’ ချပေးရမှာပါ)
(၁) Root Explorer File Manager ကို Download လုပ်၍ Install ဆက်လုပ်ပါ ပြီးလျင် Open ကို နှိပ်ပါ။
(၂) Root Explorer File Manager ထဲမှ system ကို နှိပ်ပါ။
(၃) system ကို နှိပ်ပြီးရင် etc ကို နှိပ်ပါ။
(၄) Mount R/W ကို Mount R/O ဖြစ်အောင် ပြောင်းပေးလိုက်ပါ။
(၅) ပြီးရင် hosts ကို ဖိထားပြီး Delete နှိပ်လိုက်ပါ။
(၆) ဖုန်းကို Restart လုပ်ပါ။ ပါဝါပြန်တက်လာပြီဆိုရင်တော့ Google account
အားလုံး ပြန်လည်အသုံးပြုလို့ရတာကို တွေ့ရပါလိမ့်မယ်။
အဆင်ပြေကြပါစေဗျာ
No comments:
Post a Comment