Monday, 5 January 2015

နည်းပညာဘီလူး ကြီးတစ်ကောင်နိုးထလာခြင်း(သို့ )
Xiaomi ၏ Online Marketing အောင်မြင်မှု(ဆောင်းပါး)
______________________________________
လွန်ခဲ့သည့် နှစ်များစွာတုံးက တရုတ်၏ ဈေးကွက်ကို Apple နှင့် Samsung
တို့ သာ စိုးမိုးလာခဲ့ရာကနေ ယခုအခါ Xiaomi ဆိုသည့် ဖုန်း Company သည် တရုတ်ဈေး
ကွက်တွင် စတင်စိုးမိုးဖို့ ခြေလှမ်းပြင်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့ ၏ ရည်ရွယ်ချက်ဖြစ်သည့်
ကမ္ဘာ့ တတိယ အကြီးဆုံး ဖုန်းထုတ်လုပ်သည့် Company ကြီးဖြစ်လာဖို့  စတင်ခြေလှမ်း
လိုက်ခြင်းလို့ သုံးသပ်သူများက ဆိုနေကြပါတယ်။
၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် သူတို့ ၏ Xiaomi သည် သူတို့ ၏
ပထမဆုံးဖုန်းကို I Phone 4S ထွက်ရှိသည့်အချိန်လောက်ကစတင်ခဲ့တာဖြစ်ပြီး သူတို့ ၏
ဈေးသက်သာခြင်းနှင့် Online(internet) မှ ရောင်းချခြင်း၊ Quality ကောင်းမွန်ခြင်းစသည့်
အားသာချက်များကြောင့် ယခု အချိန်တွင်တော့ နံမည်ကြီးဖုန်း Company ကြီးတစ်ခုအဖြစ်
ရပ်တည်လာနိုင်ကာ သုံးစွဲသူများအကြားရေပန်းစားနေသည့် Brand တစ်ခုအဖြစ်သို့ ရောက်
ရှိလာခဲ့ပြီဖြစ်ပါတယ်။
ယခုအချိန်မှာတော့ Xiaomi ၏ CEO ဖြစ်သည့် Li Jun(တရုတ်၏ စွန့် ဦးတီထွင်
လုပ်ငန်းရှင်) နှင့် သူ၏ သူငယ်ချင်း Lin Bin တို့ သည် သူတို့ ၏ Brand ကို ကမ္ဘာကိုထိုးဖောက်
ဖို့ အတွက် မျှော်လင့် နေကြပါပြီ။ စတင်မည့် နိုင်ငံများထဲတွင် လူဦးရေ သိပ်သည်းသည့်
ဘရာဇီး၊ အိန္ဒိယ ကဲ့သို့ နိုင်ငံများကိုပစ်မှတ် ထားနေကြပါတယ်။ ယခင်အပတ်က Xiaomi ၏
အိန္ဒိယ အရောင်း ကို ဆွီဒင် Company ကြီးဖြစ်သည့် Erricson ၏ကန့် ကွက်မှုကြောင့်
ခေတ္တ ပိတ်ထားခဲ့ရပြီး ယခုအခါပြန်လည်ရောင်းချခွင့် ရနေပြီလို့ သိရပါတယ်။
Apple ၏ CEO Steve Jobs ကိုအားကျသည့် Xiaomi ၏ CEO Lei Jun ကြောင့်
တရုတ်၏ Apple လို့ တင်စားခံနေရသည့် Xiaomi သည် Online Marketing,
နှင့် ဈေးနှုန်းသက်သာ သည့် ဖုန်းများရောင်းချခြင်းဖြင့် အခြား Company ကြီးများ၏ အတု
ယူမှုကိုခံနေရပြီလို့  စစ်တမ်းများအရသိရပြီး သူ၏ Online Marketing ကိုအတုယူကာ
Huawei နှင့် ZTE တို့ က Online ကနေအလုံးအရင်းနှင့် ရောင်းချဖို့ ပြင်ဆင်နေကြပါပြီ။
ဒါ့အပြင် One Plus Company နှင့် Smartisan Company တို့ သည်လည်း တန်ဖိုးနည်းပြီး
အရည်အသွေးမြင့်ဖုန်းများရောင်းချရန် ကြိုးစားနေကြပြီလို့ သိရပါတယ်။
ဖုန်းရောင်းချမှုကြောင့် Xiaomi အနေနှင့် အကျိုးအမြတ်များရနေသော်လည်း 
သူတို့ မျှော်မှန်းထားတာကတော့ ဖုန်းများအတွက် Entertainment များနှင့် Application 
Themes များရောင်းချခြင်းကြောင့် ရသည့်အကျိုးအမြတ်ကို ပိုမို ရချင်နေကြောင်းသိရပါတယ်။
ဒါ့အပြင် Xiaomi အနေနှင့် အခြင်း Devices များဖြစ်သည့် Smart Television များ၊
Tablet များနှင့် Fitness Band များကိုလဲထုတ်လုပ်ကာ ၀င်ငွေရှာလျှက်ရှိပါတယ်။
ယခုအချိန်တွင် Xiaomi သည် သူတို့ ၏ ဖုန်းများကို ကမ္ဘာ အနှံ့ ကိုထိုးဖောက်ရန်
အတွက် Google မှ Hugo Barra ကိုခေါ်ယူထားပြီး ဈေးကွက်ကိုစတင်ဖို့ ပြင်ဆင်နေပါပြီ။
Asia ဈေးကွက်ကိုတော့စတင် ထိုးဖောက်နေပြီး နောက်ထပ်ရည်ရွယ် ထားသည့်နိုင်ငံများတွင်
အိန္ဒိယ၊ ဘရာဇီး၊ ရုရှား ၊ အင်ဒိုနီးရှား ကဲ့သို့ လူထူထပ်သည့် နိုင်ငံများကိုအဓိကထားထားတာ
တွေ့ ရပါတယ်။ ဒါကြောင့် ဈေးနှုန်းသက်သာပြီး ၊ Quality ကောင်းသည့် ဖုန်းမျာရောင်းချ သည့်
Xiaomi ၏ Online Marketing သည် သူတို့ မျှော်မှန်းထားသလို ကမ္ဘာ့ တတိယ အကြီးဆုံးဖုန်း Company ကြီး
အဖြစ် သူတို့ ကို ဆွဲခေါ်သွားနိုင်မလားဆိုတာကတော့ ၂၀၁၅ နှင့် လာမည့် နှစ်များမှာဆက်
လက်စောင့်ကြည့် ရတော့မှာပဲဖြစ်ပါတယ်။

No comments:

Post a Comment