Monday, 5 January 2015


Android စက်ဖွင့်နည်း ၅ နည်း
၁။ Power mode

Power mode ဆိုတာကတော့ ပါဝါဖွင့်ဖွင့်ချင်း စတတ်တဲ့ mode ကို ပါဝါ mode လို့ ခေါ်ပါတယ်။

၂။ Charging mode

Charging mode ကတော့ ဖုန်းကို ပါဝါ ပိတ်ပြီး အားသွင်းရင် charger လေး ဖုန်းမှာ ပြေးနေပါလိမ့်မည်။ အဲဒါကို Charging mode လို့ခေါ်ပါတယ်။

၃။ Recovery mode

Recovery mode ဆိုတာကတော့ ပုံမှန် ဖုန်းဖွင့်ရင် မြင်တွေ့ရမှာ မဟုတ်ပါဘူး။ Key တွေနဲ့ ပေါင်းစပ်ထားပါတယ်။ HUAWEI မှာဆိုရင် Volume up + Power, Samsung မှာဆိုရင် Home + Volume Up + Power, Sony မှာဆိုရင်တော့ သူ့အတွက် Partation မပါပါဘူး။ HTC မှာဆိုရင်လည်း သူ့အတွက် partition က သက်သက် မထည့်ပေးထားပါဘူး။ အဲဒီအတွက် သက်ဆိုင်ရာ key ကိုနှိပ်ပြီးမှ ၀င်လို့ရမှာ ဖြစ်ပါတယ် အဲဒီအတွက် အကျယ်ချုပ်ကိုတော့ နောက်မှ ရှင်းပြပါမယ်။

၎။ Bootloader mode (or) Downloading mode (or) Fastboot mode

Bootloader mode ကို ဘယ်မှာ သုံးလဲဆိုရင်တော့ Huawei မှာသုံးပါတယ်။ ဒီကောင်ကို ဘာလို့ခေါ်သေးလဲဆိုရင် Fastboot mode လို့ခေါ်ပါသေးတယ်။ Volume Down + Power လေး နှိပ်လိုက်တာနဲ့ Huawei Logo လေးမှာ ရပ်နေပါလိမ့်မည်။ အဲကောင်လေးကို bootloader mode (or) Fastboot mode လို့ခေါ်ပါတယ်။ Downloading mode ကျတော့ Samsung မှာ အသုံးများပါတယ်။ Volume Down + Home + Power key ကိုနှိပ်ပြီး Volume Up ကို တစ်ချက်နှိပ်လိုက်တာနဲ့ စက်ရုပ်ပုံစံလေးနဲ့ Downloading mode လေး ပေါ်နေတာကို Downloading mode လို့ခေါ်ပါတယ်။ Fastboot mode ကျတော့ Sony, Huawei, HTC တွေမှာ အသုံးများပါတယ်။

၅။ ADB mode

ADB ဆိုတာကတော့ Android debug bridge လို့ အဓိပ္ပါယ် ရပါတယ်။ Bridge ဆိုတာကတော့ developer တွေ အလုပ်လုပ်တဲ့ လုပ်ဆောင်ချက်တွေကို ရည်ညွန်းတဲ့ သဘော ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ADB ဆိုတာကတော့ PC Comment Line တွေပေါ်မှာ အဓိက လုပ်ဆောင်တာ ဖြစ်ပါတယ်။ အလွယ်ပြောရရင် USB debuging on ထားတယ်။ ကွန်ပြူတာနဲ့ ဖုန်းနဲ့ သိတယ်ဆိုရင် အဲဒါကို ADB mode လို့ခေါ်ပါတယ်။
 အားလုံး အဆင်ပြေကြပါစေဗျာ

No comments:

Post a Comment