ကျွန်တော့် အတွေ့အကြုံလေးတစ်ခု ပြောပါရစေဗျာ။ ဒီနေ့ မလေးရှားနိုင်ငံ ကွမ်တန်းမြို့က မြန်မာဆိုင်တစ်ခုမှာ ကျွန်တော် note2 ဖုန်းအတုတစ်လုံး ကို နာမည်ကြီးrootဖြင့် rootဖောက်ပြီး မြန်မာစာသွင်းခဲ့ပါသည်။ အဲမှာပင် rootဖောက်ပြီးသောအခါ rootမအောင်မြင်ကြောင်း စာသားလည်းပြသည်။ အရုပ်လေးကလည်း ရှုပ်မဲ့ပြီး rootမအောင်မြင်ကြောင်းပြသည်။ သို့ပေမဲ့ ဖုန်းထဲမှာ ဖွင့်ကြည့်တော့ အဲဒီrootဖြင့် အခုပင်root ဖောက်ပြီးကြောင်းပြသည်။ root မဖောက်ခင် စစ်ကြည့်တော့ root မဖောက်ရသေးပါ။ စဉ်းစားရ တော်တော်ခက်သွားရ၏။ မှော်ဆန်ဆန် ရယ်စရာ အဖြစ်လေးပါဗျာ။ တစ်ခါမှ မကြုံဖူးပါဗျာ။
အဆင်ပြေကြပါစေဗျာ
No comments:
Post a Comment