မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး IPS LCD capacitive touchscreen မျက်နှာပြင် အသုံးပြုထားပါတယ်။ 1080x 1920 pixels အရွယ်အစားရှိတဲ့ ပုံရိပ်တွေကို တွေ့မြင်ခံစားနိုင်မှာပါ။ ပုံရိပ်သိပ်သည်းဆက 386 ppi ရှိတဲ့အတွက် နေရောင်အောက်မှာ အသုံးပြုမှုအတွက် အကောင်းဆုံး အရည်အသွေးကို ရနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက ၅ ဒသမ ၇ လက်မရှိပါတယ်။ မျက်နှာပြင် အရည်အသွေးကတော့ အားရစရာပါပဲ။
ကင်မရာ အရည်အသွေး
ကင်မရာ အရည်အသွေးက 13MP ဖြစ်ပါတယ်။ 4128 x 3096 pixels အရည်အသွေးရှိပုံရိပ်တွေကို ရိုက်ကူး နိုင်မှာ ဖြစ်ပါတယ်။ Geo-tagging, touch focus, face/smile detection, HDR, panorama စတဲ့ ကင်မရာစွမ်းဆောင်ရည် တွေပါဝင်ပါတယ်။ HDအရည်အသွေးရှိတဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာက 4MPဖြစ်တဲ့အတွက် လူမှုကွန်ရက်တွေမှာ ကိုယ်တိုင်ရိုက်ပုံတွေ တင်ချင်တဲ့သူတွေ အတွက်တော့
စွမ်းဆောင်ရည်ကောင်းတစ်ခုပါပဲ။
ဘက်ထရီအရည်အသွေး
အွန်လိုင်းဂိမ်းတွေနဲ့ လူမှုကွန်ရက်တွေက စမတ်ဖုန်းအသုံးပြုဖို့ ဆွဲဆောင်နေပါတယ်။ ဒီအချိန်မှာ စိတ်ပျက်စရာ အခက်အခဲတစ်ခုက ဘက်ထရီအသုံးခံနိုင်မှုပါ။ ဘက်ထရီ စွမ်းဆောင်ရည် ညံ့ရင် မကြာခဏ အားပြန်သွင်းရတာ၊Power Bank ဆောင်ထားရတာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ Xiaomi Mi Note ကတော့ Li-Ion 3000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။
အခြားစွမ်းဆောင်ရည်များ
GSM နှစ်ကတ်သုံး ဖုန်းဖြစ်ပါတယ်။ Android ဗားရှင်း 4.4.4(KitKat) ကိုအသုံးပြုထားပါတယ်။ Quad-core 2.5 GHz Krait 400 CPU ကို ဖုန်းအတွင်းသိုမှီးနိုင်မှုပမာဏက 16GB ရှိပါတယ်။ RAM က 3GB ပါ။ ဒီအရည်အသွေးတွေရှိတဲ့ Xiaomi Note ဟာ ပြည်တွင်းဈေးကွက်ကို ရောက်လာရင်ရော တရုတ်ပြည်ဈေးကွက် မှာလို အောင်ပွဲခံနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဈေးနှုန်းကတော့ iPhone 6 ရဲ့ ထက်ဝက်နီးပါးခန့်ရှိ နိုင်ပါတယ်။
http://www.mizzimaburmese.com

No comments:
Post a Comment