ကျွန်တော် ရေးထားတာ မဟုတ်ပါဘူး။ သူများရေးထားတာကို သိစေလိုတဲ့ စိတ်နဲ့ ပြန်ရှဲလ်လိုက်တာပါ။ သူငယ်ချင်းတစ်ယောက် အတွက်ပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေမှာ အကျယ်တစ်ဝင့် ရှင်းလင်းထားပါတယ်။ ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရပါတယ်။ ... 1G က အသံပဲ ပို့နိုင့်၊ ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်းက ပြတ်တောင်းပြတ်တောင်း ဖြစ်ပါတယ်။ 2Gက အသံအပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွားပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေးစနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။ 2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။ 3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ 4G - 3G ထက် ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။
အမှားပါရင် ခွင့်လွှတ်ကြပါဗျာ
No comments:
Post a Comment